မောင်တော ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက်၍ ကလေးမွေးဖွားလျှက်ရှိသူ ၄ မိုင်ရပ်ကွက်နေ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးမှာ အသက်ရှူမွန်းကြပ် လာသဖြင့် ဇူလိုင် ၂၇ ရက်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ အသက်(၁၈)နှစ်အရွယ် အမျိုးသမီး မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့ လူနာသည် မောင်တောမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင် တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပြီး ဇူလိုင် ၂၇ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ အနက် (၉)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြု လူနာ စုစုပေါင်း (၄၁၉)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၃၅၄)ဦးမှာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံ ဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၈)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံယူနေသူ (၅၇) ဦးရှိ ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှသိရ သည်။
သက်လွင်စိုး