စစ်ကိုင်းခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်အလိုက် စစ်ဆေးရေးဂိတ်များ ထားရှိပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး

                                                                                                   

စစ်ကိုင်း  ဇူလိုင် ၂၈

စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ဆေးရန်လိုအပ်မည့် နေရာများရွေးချယ်ပြီးကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များကို ဇူလိုင်(၂၇)ရက်နေ့မှစတင်၍ နေ့စဉ် နံနက်(၆)နာရီမှညနေ(၅)နာရီအထိ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ စစ်ကိုင်းမြို့မှာဆိုရင် မြို့မဈေးကြီးအနီး ပြန်/ဆက်ရုံးရှေ့မှာ တစ်ဖွဲ့၊ ရွာထောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ တစ်ဖွဲ့၊ သုခကာရီလူမှုကူညီရေးအသင်းရုံးရေးမှာ တစ်ဖွဲ့ရယ် လှည့် လည်စစ်ဆေးရေးအဖွဲ့ရယ်ဆိုပြီး ဖွဲ့စည်းတာဝန်ပေးထားပါတယ် အဖွဲ့များရဲ့ ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ် တွေကတော့ ပညာပေးလုပ်ငန်းတွေပါဘဲ ကျွန်တော်တို့ စစ်ကိုင်းမြို့နယ်ဟာဆိုရင် Stay at Home သက် မှတ်ထားတာဖြစ်တဲ့အတွက် တက်နိုင်သမျှမိမိတို့အိမ်တွင်သာ နေထိုင်ကြရေး ပညာပေးရပါ့မယ်၊ ဖြတ်သန်းသွားလာနေကြတဲ့ အများပြည်သူများအနေဖြင့် Mask တပ်ဆင်ခြင်း ရှိ/ မရှိတွေကို စစ်ဆေးမယ် Mask တပ်ဆင်လာခြင်းမရှိတဲ့ သူတွေကိုတော့ ဒဏ်ငွေ (၂၀၀)ကျပ် ရိုက်မယ်၊ Mask (၂)ခု ပြန်လည်အခမဲ့ပေးမယ် ဒဏ်ရိုက်ခံရသူအမည်နှင့် ဒဏ်ရိုက်ငွေတွေကို သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးတွေကို နေ့စဉ် တင်ပြပေးရမယ် အဲဒီမှာ ငွေကြေးချို့တဲ့သူ ဖြစ်နေပါက အဖွဲ့ခေါင်းဆောင်များ၏ အစီ အစဉ်ဖြင့် Mask  တွေပေးမယ် ပညာပေးမယ် အဲဒီလို ဆောင်ရွက်ရတဲ့အခါမှာလည်းပဲ လူတစ်ဉီးချင်းစီရဲ့ အမည်စာရင်း၊ နေရပ်လိပ်စာတွေကို မှတ်တမ်းထားတင်ပြရပါ့မယ်၊ ထို့အတူ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များကိုလည်း အခုလို စည်းကမ်းရှိအောင်၊ ကျန်းမာရေးကိစ္စတွေမှာ အလေးထားလာအောင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စီမံဆောင်ရွက်ပေးထားပါတယ် "ဟု စစ်ကိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက ပြောပြ၍သိရသည်။

စစ်ကိုင်းခရိုင် အနေဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အဖွဲ့များအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ကူးစက်ပြန့်ပွားမှု လျော့နည်းလာစေရေးအတွက် ပြည်သူအများ ပူးပေါင်း ပါဝင်လာအောင် ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်