စစ်တွေမြို့နယ် မြန့်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

စစ်တွေ ဇူလိုင် ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားမိဘ ပင်စင်စားများအတွက် ဇူလိုင်လ ပင်စင်လစာငွေကို ယမန်နေ့မှ စတင်ပြီး စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ အငြိမ်းစားမိဘပင်စင်စားများကို ပင်စင်လစာထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပင်စင်လာရောက်ထုတ်ယူသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရန် ဘေစင်တွင် ဆပ်ပြာနှင့်Hand Gel ထားရှိခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများဝတ်ဆင်စေ ခြင်း၊ Social Distancing တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်စေရန် နေရာချထားခြင်းတို့ကို ဆောင်ရွက် ပေးပြီး ပင်စင် လစာများထုတ်ပေးလျက်ရှိသည်။

စစ်တွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာထုတ်ပေးခြင်းကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိထုတ်ပေးသွားမည်ဖြစ်သည်။ စစ်တွေမြို့တွင် ပင်စင်လစာထုတ်ယူမည့် အငြိမ်းစားမိဘပင်စင်စား ငါးထောင်ကျော်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

တင်ထွန်း(ပြန်/ဆက်)