မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၂၂)ဦး ထပ်မံတွေ့ရှိ

မင်းလှ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်သူနှင့် ချောင်းဆိုရင်ကြပ်ခြင်းတို့ဖြင့် လာရောက်ပြသခဲ့သူများ၊ ကိုဗစ်ပိုးတွေ့ရှိခဲ့သူ နှင့် ထိတွေ့ဆက်စပ် ခဲ့သူများ(၄၇)ဦး တို့ကို RDT Test kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၂)ဦးထပ်တိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့်လူနာ(၂၂)ဦးအား မင်းလှပြည်သူ့ဆေးရုံ၊ စစ်ကွင်း တိုက်နယ်ဆေးရုံနှင့် ပြည်တော်သာအိုးအိမ်ဝန်ထမ်းအိမ်ယာသစ် ၊အ.ထ.က မင်းလှ(မြို့ပြင်)နှင့်  (မြို့တွင်း)ကျောင်း၊ အ.ထ.က စစ်ကွင်းကျောင်း Positive Center များသို့ ပရဟိတအသင်း အဖွဲ့ များက သယ်ယူပို့ ဆောင်ပေးခဲ့ရာ တာဝန်ကျကျန်းမာ ရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့များပူးပေါင်းကာ ကျန်းမာရေးစောင့်ရှေက်မှုများပေးကာစောင့်ကြည့် ကုသပေးလျက် ရှိသည်။

မင်းလှမြို့နယ်တွင်ကိုဗစ်- ၁၉ ရော ဂါပိုးတွေ့ရှိသူ(၁၄၅၃)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၉၃၂)ဦး‌၊‌ သေဆုံးသူ(၃၆) ဦးရှိသည့်အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ရောဂါကူးစက်ပျံနှံ့မှုမရှိစေရန် အသွားအလာများ ကန့်သတ်ခြင်း၊ အသိပညာပေးနိူးဆော်ခြင်းမတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)