သရက် ဇူလိုင် ၂၇ မကွေးတိုင်းဒေသကြီး သရက်မြို့ သာသနာ့ဗိမာန်ဓမ္မာရုံတွင် အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ က ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းပွဲတွင် သရက်မြို့ ဈေးရပ်ကွက်နေ ဦးတင်အောင်မြင့်နှင့် ဒေါ်သန်းသန်းဌေး မိသားစုတို့မှ အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူရန် မတည်အလှူငွေကျပ် (၃၃) သိန်းကို လှူဒါန်းခဲ့ရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်ရွှေအောင်မှ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ သရက်မြို့ပြည်သူ့ဆေးရုံကြီးတွင် သိန်း(၅၈၀) တန်ဖိုးရှိ အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် စေတနာရှင် အလှူရှင်များမှ လှူဒါန်းလျက်ရှိရာ ယနေ့အထိ ငွေကျပ် သိန်း (၅၅၀) ရရှိနေပြီးဖြစ်ကြောင်း သရက်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးထံမှ သိရသည်။ ဇော်ဝမ်းထွန်း(အောင်လံ)