လဟယ် ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ လဟယ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရးပေါ်တုန့်ပြန်ရေးကော်မတီထံသို့ လဟယ်မြို့ နယ် တာလံရပ်ကွက် (C Pကော်မတီ) စိုက်ပျိုးရေး၊ မွေးမြူရေးချေးငွေရန်ပုံငွေကြီးကြပ်မှုကော်မတီမှ လဟယ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသုံးပြုရန်ထောက်ပံ့ငွေကျပ်(၁၀)သိန်းတိတိကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခမ်းမ၌ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ကော်မတီ ဒု-ဥက္ကှဋ္ဌ ဦးလပ်ဆက်က လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းငွေသည် လဟယ်မြို့နယ်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးချေးငွေအနေဖြင့် နိုင်ငံတော်မှ အရင်းပျောက်မတည်ထားသည့်ရန်ပုံငွေ အတိုးရငွေထဲမှ လဟယ်မြို့နယ် C P ကော်မတီ က ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
ရှားဆက်(လဟယ်)