ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ  Life Jacket  စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေးဆောင်ရွက်

မြောက်ဦး  ဇူလိုင်  ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေလမ်းခရီးသွား ပြည်သ များအနေဖြင့် ရေဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Life Jacket အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင်ပြီး ခရီးသွားလာနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ ဘုတ်ဆိပ်၊ စက်လှေဆိပ်များသို့ သွားရောက်ပြီး ဈေးဝယ်ရန် လာရောက်ကြသော ပြည်သူများကို အသက်ကယ်အင်္ကျီ (LifeJacket) များ စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်ကယ်အင်္ကျီ (Life Jacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့သရုပ်ပြရာသို့ မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ယခုအချိန်သည် မိုးတွင်းကာလဖြစ်၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးကြီးလေကြီးခြင်းနှင့် လှိုင်းထန်ခြင်းစသည့် သဘာဝဘေးများ နှင့် လတ်တလော ကြုံတွေ့နိုင်ရသည့်အတွက် မိမိတို့ခရီးသွားပြည်သူများ၏ အသက်အိုးအိမ်စိမ်း စည်များ လုံခြုံမှုရှိစေရေးနှင့် ရေယာဉ်ကြံ့ခိုင်မှု၊ စက်ပစ္စည်းများကြံ့ခိုင်မှု ရှိ/မရှိတို့အား အမြဲစစ် ဆေးပေးရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  ဘုတ်၊ စက်လှေများဖြင့် မြို့မဈေးကြီးသို့ ပတ်ဝန်းကျင်ကျေးရွာများမှ ကုန်ရောင်း၊ ကုန်ဝယ်လာရောက် ဝယ်ယူရောင်းချ ကြသော ပြည်သူများ၊ ကုန်တင်၊ ကုန်ချအလုပ်သမားများအား အသက်ကယ်အင်္ကျီ (Life Jacket) များ စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်း၊ ခရီးသွား ပြည်သူများအား (Life Jacket)များ လက်တွေ့ဝတ်ဆင်ခြင်းများနှင့် အသိပညာပေး ခြင်းများ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ များသို့ ရေလမ်းဖြင့်ပြေးဆွဲပေးနေသော ဘုတ်ပိုင်ရှင်များနှင့် စက်လှေပိုင်ရှင်များအနေဖြင့် (Life Jacket)များ မပါရှိပါက ဝယ်ယူဖြည့်ဆည်းဆောင်ရွက်ထားရှိရေး စသော ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် Life Jacket စနစ်တကျဝတ်ဆင်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 ခင်မောင်ထွန်း