အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အထောက် အကူပြုနိုင်ရေး အတွက် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

အမ်း- ဇူလိုင် ၂၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ကို အထောက်အကူပြုနိုင်ရေးအတွက် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌   ယမန်နေ့ နံနက်(၁၀)အ ချိန်က ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 လတ်တလော ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် အခြေအနေ၌ ပြည်သူများ အနေဖြင့် ရောဂါကူးစက်ခံရပြီး အခြေအနေဆိုးရွားမှုများဖြစ်ပေါ်လာပါက မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာန၊ ဆေးပေးခန်းများမှ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိရန်ခက်ခဲခြင်း၊ ဆေးရုံ တက်ရောက်ကုသခွင့်ရရှိရန်  ခတ်ခဲခြင်းများဖြစ်ပေါ်လျှင် ပြည်သူများအနေဖြင့် စေတနာ့ ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့အစည်းများထံမှ အကူအညီများရရှိနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အထောက်အကူပြုနိုင်ရေးအတွက် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့(ဥက္ကဋ္ဌ)ဦးဌေးအောင်က ရှင်းလင်းပြောကြားခဲ့သည်။

 ၎င်းစေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥကဋ္ဌ) ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ဝင်များတက်ရောက်၍ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရပြီး အခြေအနေ၊ ကျန်းမာရေးဌာန၊ ဆေးပေးခန်းများမှ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိရန်၊ ဆေးရုံတတ်ရောက် ကုသခွင့်ရရှိရန် ၊ ခက်ခဲခြင်းများဖြစ်ပေါ်လျှင် ပြည်သူများအနေဖြင့် စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့အစည်းများထံမှ အကူအညီများရရှိနိုင်ရေးအတွက် ဆွေးနွေးကြကြောင်း သိရသည်။

စိုးမင်းထွန်း