မကွေး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများ အား သီတဂူမျက်စိဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သီတဂူမျက်စိဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးနေမှု အခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများအား Paracetamol (500mg)၊ Cevit၊ Multivitiman နှင့် ပဋီဇီဝဆေးများ ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ် ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သော်လည်းကောင်း၊ မိမိတို့ရပ်ကွက်များရှိ နေရာများတွင် လည်းကောင်း ပိုးသတ်ဆေးများ ဖြန်းလိုပါက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ပြီး ပိုးသတ်ဆေးရည်များအား ထုတ်ယူနိုင်ကြောင်း သိရသည်။
စည်သူလွင်