ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ကျေးသီး    ဇူလိုင်     ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) တပ် ဆင်စေရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခန့်က မြို့မစည်ပင်သာယာစျေးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊   ကျန်းမာရေးဝန်ထမ်းများ၊    မီးသတ်တပ်ဖွဲ့တို့  ပူးပေါင်း၍

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက် တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း( Mask )ကို မဖြစ်မနေစနစ်တကျ တပ်ဆင်ရန်၊ မလိုအပ်ပါက အိမ် အပြင် မထွက်ရန်နှင့် အိမ်တွင်သာနေထိုင်ကြရန်၊ လက်ကိုမကြာခဏဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန် စသည်များအသိပညာပေး၍ ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ဆေး စေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များအား အသစ်လဲလှယ်ပေးပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နန်းမွမ်းဆိုင်(ပြန်/ဆက်)