ရွှေပြည်သာ ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ် ရေးကောင်စီ၏ အစီအစဉ်ဖြင့်ပေးအပ်သောအောက်ဆီဂျင်အိုးများကို ယမန်နေ့နေ့လည်(၁)နာရီ အချိန်တွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ ကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်အနေဖြင့် အောက်ဆီဂျင် ၄၀ လီတာအိုးအလုံး (၅၀)အားရွှေပြည်သာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက်(၁၀)လုံး ရပ်ကွက်ကျေးရွာ (၂၇) ခုအတွက်အလုံး(၄၀)အားမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦး မြင့်ဦးနှင့်ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များထံပေးအပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးများက အောက်ဆီ ဂျင်လိုအပ်သော ပြည်သူများထံဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်းသိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)