ကျောင်းကုန်းမြို့ မြို့မ​စျေးအတွင်း ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှု မရှိ​စေ​ရေး mask ၁၅၀၀ အခမဲ့ဖြန့်​ဝေ

ကျောင်းကုန်း  ဩဂုတ်  ၁၂

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေမှုကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူစည်ကားရာ နေရာဖြစ်သည့် မြို့မဈေးအတွင်း ယနေ့နံနက် ၈ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုပြင်းထန်လာနေချိန်မှာ မြန်မာနိုင်ငံတွင်လည်း ဒုတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်သောကြောင့် အပြင်ထွက်လျှင် နှာခေါင်းစည်း mask လူတိုင်းတပ်ဆင်ကြရန် လိုအပ်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှိုးဆော်ထားမှုကြောင့် ယခုလို ဝေငှဖြန့်ဖြူးပေးရခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း ကပြောသည်။

အဆိုပါ ဖြန့်ဝေမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မဈေးကော်မတီဝင်များက နှာခေါင်းစည်း mask (၁၅၀၀) ကို ဈေးဝယ် ဈေးသည်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)