မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုသည့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ပစ္စည်း ကရိယာများ သိမ်းဆည်းသိုလှောင်ထားခြင်းရှိမရှိ လိုက်လံစစ်ဆေး

မြဝတီ ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး တွင် အသုံးပြုသည့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ပစ္စည်း ကရိယာများ သိမ်းဆည်းသိုလှောင် ထားခြင်းရှိမရှိ လိုက်လံ စစ် ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မင်းစိုး နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါ ဝင်သော အဖွဲ့က လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီး နှင့် မေတ္တာမွန် ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီး Oxygen Plant ၊ Oxygen Concentrator ၊ Oxygen Cylinder များအပါအဝင် အခြားသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးတွင် အသုံးပြုသည့် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကရိယာများ၊ သိမ်းဆည်း သိုလှောင်ထားခြင်း ရှိမရှိကို ရှောင်တခင် လိုက်လံစစ်ဆေးခြင်း ဖြစ်ကာ သိမ်းဆည်းသိုလှောင်ထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မင်းစိုး ထံမှ သိရသည်။

ထိန်လင်းအောင်