မကွေး ဇူလိုင် ၂၆
ကိုဗစ်-၁၉ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အောက်စီဂျင်လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မကွေးမြို့၊ အဝေးပြေး ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက် လျက်ရှိပြီး အဆိုပါအောက်ဆီဂျင်စက်ရုံအတွက် (၄၀)လီတာဆံ့အောက်ဆီဂျင်အိုး အလုံး (၁၀၀၀)မှာယူ ထားရာ ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက(၄၀) လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး (၂၀၀) ပထမအကြိမ် စတင်ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်စီဂျင်အိုးများအား မကွေးမြို့ အဝေးပြေးကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် ၊ ကြက်ခြေနီနှင့်လူမှုရေးအသင်းအဖွဲ့များမှ စနစ်တကျထား ရှိနေမှုများနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုများနှင့်စပ်လျဉ်း၍ (၂၀%) ပြီးစီးမှုအခြေအနေကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်၊ အတွင်းရေးမှူးဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ ကကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာ အိုး အလုံး(၃၀၀) ထွက်ရှိသည့်စက်(၁)လုံးနှင့်အောက်ဆီဂျင်(၄၀ ) လီတာအိုး အလုံး (၁၀၀) ထွက်ရှိသည့် စက် (၃)လုံးဖြင့် တိုင်းဒေသကြီးအတွင်းရှိပြည်သူများ အောက်ဆီဂျင်လုံလောက်စွာ ရရှိရေးစီမံဆောင်ရွက် လျက်ရှိရာ စေတနာရှင်ပြည်သူများအနေဖြင့်လည်း (၄၀)လီတာဆံ့ အောက်အာက်ဆီဂျင်အိုး (၁)အိုးလျှင် အလှူငွေ (၂၅၀၀၀၀/-) ကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဆက်သွယ်လှုဒါန်းနိုင်ကြောင်းသိရသည်။
ကိုအောင်