ကျွန်းလှ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက်မြိုနယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့ညနေ(၆)နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်းလှည့်လည်ပြီးအသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ပြည်သူများ အတတ်နိုင်ဆုံးမိမိနေအိမ်၌ နေထိုင်ကြရန်၊ နေအိမ်ပြင်ပထွက်ပါကပါးစပ်၊ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန်၊တစ် ဦးနှင့်တစ်ဦးတတ်နိုင် သမျှခပ်ခွာခွာ နေထိုင်ကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုအနည်းဆုံးစက္ကန့်(၂၀) ကြာမကြာခဏစနစ်တကျ ဆေးရန်၊ ကိုရိုနာဗိုင်းရပ်ရောဂါ သံသယလက္ခဏာများပေါ်ပေါက်ပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာဆေး ကုသမှုခံယူကြရန်၊ ကိုဗစ်ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ကြရန်၊ စသည့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အတွက်ထုတ်ပြန် ထားသောလုပ်ငန်းလမ်းညွှန်ချက်များ လိုက်နာကြရန်အသိပေး၊ သတိပေးနှိုးဆော်ကြောင်းသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)