ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်း

ချောက်     ဇူလိုင်    ၂၆

မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉  ရောဂါ တတိယလှိုင်းကြောင့်   ရောဂါဖြစ်ပွားမှု    မြင့်မားလာသည် နှင့်အမျှ    ရောဂါကာကွယ်ထိန်းချုပ်ကုသရေး   လုပ်ငန်းများကို    သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ ချောက်မြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများကို  အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရောဂါပိုး တွေ့ရှိမှု အခြေအနေတို့ကို ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးစိုးလွင်က ယခုလိုပြောကြားထားပါသည်-

“ချောက်မြို့နယ်အနေနဲ့ ပြောရမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်တဲ့အနေနဲ့ ကျွန်တော်တို့ မြို့နယ်အတွင်းဖြစ်တဲ့ ဂွေးချိုကျေးရွာအုပ်စုမှာရှိတဲ့ ဂွေးချိုဂိတ်၊ ပုဂံညောင်ဦးနဲ့ ချောက်မြို့နယ် အစပ် ရွှေပုံတောင်ကျေးရွာ အုပ်စုဂိတ်၊ ထိုဂိတ်(၂)ဂိတ်ကိုဖွင့်လှစ်ပြီး ကိုဗစ်ရောဂါနှင့် ပတ်သက်လို့စစ်ဆေးဆောင်ရွက်နေမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့   Quarantine   Center  တွေကို ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါတယ်။ Quarantine Center Contacts Call Center များအနေနဲ့အ.ထ.က(၁) ကျောင်းခန်းထဲက အဆောင်မှာ ကျွန်တော်တို့   စီစဉ်ထားရှိပြီးဖြစ်ပါတယ်။ Positive ​တွေ့ရှိသော လူနာများနှင့် ပက်သက်လို့ Quarantine  Center အဖြစ် ကျွန်တော်တို့က မဟာစည် သာသနာ့ရိပ်သာရယ်၊ ချောက်မြို့နယ်G.T.I ကျောင်းသုံးထပ်ဆောင်ရယ် ၊ ချောက်မြို့နယ် အတွင်းမှာပါရှိတဲ့ စလေမြို့မှာဆိုရင် ဦးပုညခန်းမမှာဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ဒီကနေ့အထိ ကျွန်တော်တို့ ချောက်မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသပေးနေတဲ့ကိုဗစ်-၁၉ လူနာဟာဆိုရင် ကျား(၃)ဦး၊ မ(၁၀)ဦး စုစုပေါင်း(၁၃)ဦး ကုသပေးလျက်ရှိပါသည်။ Quarantine  Center များမှာ ကုသပေးနေတဲ့ ကျား(၃၂)ဦး၊မ(၃၇)ဦး၊ စုစုပေါင်း(၆၉)ဦး၊ ကုသပေးလျက်ရှိပါသည်။ Home Quarantine အနေ ဖြင့်အိမ်တွေမှာ ထားရှိပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့  ကုသပေးနေတဲ့လူနာများကတော့ ကျား(၆)ဦး၊မ(၈)ဦး၊ စုစုပေါင်း(၁၄)ဦး ရှိပါတယ်။  အဲဒီထဲကမှ Oxygen ပေးနေရတဲ့ လူနာများကတော့ ကျား(၂)ဦး၊ မ(၂) ဦး၊ စုစုပေါင်း(၄)ဦးရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါလက္ခဏာနှင့် သေဆုံးသူဦးရေကတော့(၂)ဦးရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်လို့ ကျွန်တော်တို့ Center များမှာရှိသောသူများကို မဟာစည်ရိပ်သာရော၊ G.T.I ကျောင်းမှာရော၊ စလေဦးပုညမှာရှိတဲ့ပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းပြီး ကျွေးမွေးစောင့်ရှောက်လျက်ရှိပါသည်။ အလှူရှင်များရဲ့ကျွေးမွေးမှုကလည်း အဆင်ပြေလျက် ရှိပါသည်။ အသေးစိတ်လိုအပ်ချက်တွေအားလုံးကိုတော့  ကျွန်တော်တို့မြို့နယ် ကော်မတီအနေနှင့် ဆောင်ရွက်ပေးလျက် ရှိပါတယ်

Oxygen ဆောင်ရွက်ပေးနေမှုအခြေအနေ “ပရဟိတလူငယ်များအနေနဲ့ Center မှာရှိတဲ့ လူနာများနှင့် ဆေးရုံမှာရှိတဲ့ လူနာများရယ် Oxygenပေးထားတဲ့ လူနာများအတွက် ကျွန်တော်တို့ Oxygen များကိုလိုအပ်ချက်များအား  သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပေါင်းစပ်ပြီး ပရဟိတများနှင့် ပူးပေါင်းပြီး မကွေးမှာသွားရောက်ဖြည့်တင်းနိုင်ရေးအတွက် ပေါက်မြို့နယ်ကို သွားပြီးတော့မှ ညှိနှိုင်းပြီးကျွန်တော်တို့ Oxygenလုံလောက်မှုရရှိနိုင်ရေး နေ့စဉ်နဲ့အမျှ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ချောက်မြို့နယ်မှာလက်ရှိအနေနဲ့ Oxygenပေးထားတဲ့လူနာများကို အထွေထွေဆေးရုံကြီးမှ   ဆရာဝန်များနှင့် ပေးတဲ့အပိုင်းများရှိသလို၊ လူမှုရေးအသင်းအဖွဲ့ အနေနဲ့ Oxygenကို လိုအပ်သူ တစ်ဦးဦးအတွက် လာရောက် တောင်းဆိုလို့ရှိရင် ကူညီပေးလျက်ရှိပါတယ်။ Oxygen ဖြည့်တင်းတဲ့အခါ ကျွန်တော်တို့လက်ရှိအနေနဲ့ မကွေး နှင့် ပေါက်မြို့နယ်ကနေ ပြီးတော့ကျွန်တော်တို့အိုးကြီး၊ အိုးသေးသယ်သွားပြီးတော့ ဖြည့်တင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။ လက်ရှိအခြေအနေလေးမှာတော့  လုံလောက်နေတဲ့   အခြေအနေလေးရှိနေလို့   နောက်ပိုင်းမှာတော့ Oxygenပေးရမဲ့ လူနာတိုးလာလို့ရှိရင်  ကျွန်တော်တို့ထပ်ပြီးတော့ တင်ပြတောင်းခံဖို့ လုံလောက်အောင် ဖြည့်ဆည်းပေးဖို့ ဆောင်ရွက်ထားရှိပါတယ်။ နောက်တစ်ချက်က ဒီOxygen  ရရှိဖို့ရာဒီမြို့နယ်အတွင်းမှာ Oxygen ထုတ်လုပ်စက်ရုံ တည်ဆောက်ဖို့ရာ မြို့မိ၊ မြို့ဖများနှင့် ကျွန်တော်တို့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ကော်မတီ အဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။”

အသိပညာပေး ဆောင်ရွက်ပေးမှုအနေဖြင့်“ကျွန်တော်တို့ လူထုအနေနဲ့ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ အသိပညာပေးများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ကျန်းမာရေးဝန်ထမ်းများနှင့်  ပေါင်းစပ်ပြီးတော့ ညွှန်ကြားချက်များနှင့်အညီ ကျွန်တော်တို့ တစ်ရက်ကို နှစ်ကြိမ်၊မနက်တစ်ကြိမ်၊ညတစ်ကြိမ် လူထုကိုပညာပေးတာရယ်သတိပေးတာရယ်၊ ဒီဟာမျိုးလေးတွေကို နေ့စဉ်နဲ့အမျှဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။  ဒီဟာမျိုးလေးတွေကို ကျွန်တော်တို့ မြို့ပေါ်တွင် သာမက၊ ကျေးရွာများအထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနဲ့ ရပ်ကျေးမှာရှိတဲ့ လူမှုရေး အသင်းအဖွဲ့များနှင့် ပေါင်းစပ်ပြီးတော့ ကျေးရွာလူထုအသိပေးဖို့ရာ ကျွန်တော်တို့ ဆောင်ရွက် ပေးလျက်ရှိပါတယ်။သက်ဆိုင်ရာPamphletများနှင့် ပတ်သက်ပြီးတော့ Call Center များတွင် ကျွန်တော်တို့ လူထုအနေနဲ့ ကိုဗစ်၁၉ရောဂါတစ်ခုခု လက္ခဏာပြလာလို့ရှိရင် သိလိုရာ များကိုမေးမြန်လို့ရအောင်Call Centerကိုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပေါင်းစပ် ပြီးတော့ မနက်ဖြန်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနအနေဖြင့်ကြိုးဖုန်းကို တပ်ဆင် ပေးပြီးတော့မှ အလှည့်ကျဖြေကြားပေးဖို့ သုံးဌာနပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကိုဗစ်၁၉ရောဂါနှင့် ပတ်သက်လို့ သံသယရှိလို့ရှိရင် ကျွန်တော်တို့ လက်ရှိအခြေအနေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို လှမ်းပြီးတော့မေးမြန်းလို့ရပါတယ်။ ကျန်းမာရေးဦးစီးဌာန (သို့မဟုတ်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့တွင်လည်း မေးမြန်းလို့ရမည့် ဖုန်းနံပါတ် (၃)လုံးရှိပါတယ်။ အဲဒီဖုန်း(၃)လုံးကို ကျွန်တော်တို့Pampxledများနှင့် ပညာပေး စာစောင်များမှ တယ်လီဖုန်း(၃)လုံးပါရှိ၍   ဆက်သွယ်မေးမြန်းလို့ရပါကြောင်း ဒီမှာပြောကြားလိုပါ တယ်။ သီးခြားအနေနဲ့ မြို့နယ်သူ/မြို့နယ်သားများ ကိုဗစ်၁၉ကာကွယ်တားဆီးရေးအတွက် ကျွန်တော်တို့မြို့က အုပ်ချုပ်ရေးမှူး ကော်မတီရယ် သက်ဆိုင်ရာဌာနအကြီးအကဲတွေရယ်၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိတဲ့ လူတွေအားလုံးဟာဝိုင်းပြီးတော့ ကျွန်တော်တို့မြို့ရဲ့ ကိုဗစ်ရောဂါများ ကင်းဝေးစေဖို့ပြည်သူတွေ အားလုံးဝိုင်းပြီးတော့ တာဝန်အသီးသီးကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းကို သတင်းပါးချင်တယ်။  လူသားအားလုံးလည်းကျန်းမာ၊ ချမ်းသာကြပါစေလို့ နေ့စဉ်ဆုတောင်းပေးရင်း  ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား လိုပါတယ်။”

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ဇူလိုင်လ၂၄ရက်နေ့အထိ ပိုးတွေ့ လူနာစုစုပေါင်း (၁၄၃) ဦး၊ သေဆုံးလူနာ(၂)ဦးရှိပြီး၊  ကျန်းမာရေးကောင်းမွန်၍  ဆေးရုံဆင်းခွင့် ရရှိသူ(၂၁)ဦးရှိကြောင်း ချောက်မြို့နယ်  ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ  သိရသည်။

မချို(ပြန်/ဆက်)