ဘုတလင် ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ အမျိုးသား(၂၆)ဦး၊ အမျိုးသမီး(၃၀)ဦး၊ စုစုပေါင်း(၅၆)ဦး တို့မှာ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ဆေးရုံမှ ဆင်းခွင့်ရရှိသည့်လူနာများမှာ မြဝတီရပ်ကွက်(၁)ဦး၊ ခုံမင်းကြီးရပ်ကွက်(၅)ဦး၊ မဟာဗန္ဓုလရပ်ကွက်(၂)ဦး၊ မောင်းထောင်ကျေးရွာ(၂)ဦး၊ လေးမြေကျေးရွာ(၂၄)ဦး၊ ကြို့ကုန်းကျေးရွာ(၄)ဦး၊ မြို့သစ်ချောင်းကျေးရွာ(၇)ဦး၊ ညောင်ပင်ကန်ကျေးရွာ(၂)ဦး၊ အုပ်ဖို (၈)ဦး၊ ရွာရှည်-တ(၁)ဦး၊ စုစုပေါင်း(၅၆)ဦး ဖြစ်ပြီး ၎င်းတို့မှာ ဇူလိုင်လ ၁၅ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ART(Rapid Tesk Kit) ဖြင့်ဆေးစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာနေရာများတွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းသွားပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ၎င်းတို့၏နေအိမ်များတွင် Home Quantine(၇)ရက် ဆက်လက်နေထိုင်စေခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ဇွန်လ(၁၈)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြု လူနာစုစုပေါင်း(၂၃၆)ဦးရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ(၂၂၅)ဦး၊ သေဆုံးလူနာ(၆)ဦး၊ လက်ရှိ ဆေးကုသမှုခံယူဆဲလူနာ(၁၁)ဦးရှိကြောင်း မြို့နယ်ကျနိးမာရေးဦးစီးဌာနမှ သိရသည်။
(မြို့နယ်-ပြန်/ဆက်)