ဂွ ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ ဂွမြို့တွင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်ကျော် ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များရှိ လူမှုရေးအသင်းအဖွဲ့များအား PPEဝတ်စုံများနှင့် အားဖြည့်အချိုရည်များကို ယနေ့ညနေပိုင်းတွင် အဆိုပါ လူမှုရေးအသင်းအဖွဲ့သို့ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်လှူဒါန်းရာတွင် ကင်းရုံးရပ်ကွက်ရှိကင်းရုံးသာရေး၊ နာရေး ပရဟိတအသင်းအဖွဲ့၊ ရွာမရပ်ကွက်ရှိ လူမှုရေးအသင်းအဖွဲ့နှင့် မြို့မရပ်ကွက်ရှိ ထာဝရ မေတ္တာနာရေး ကူညီမှုအသင်းတို့အား တစ်သင်းလျှင် PPEဝတ်စုံ(၁၅)စုံ၊ မျက် မှန်(၅)လက်၊ အားဖြည့်အချိုရည်(၃)ကတ်စီနှင့် မြို့အဝင်အထွက်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ကြက်ခြေနီအဖွဲ့အား PPEဝတ်စုံ(၅)စုံ၊ မျက်မှန်(၅)လက်တို့ကို ထောက်ပံ့လှူဒါန်းပေး ခဲ့ကြောင်းသတင်းရရှိသည်။
ရွှေရည်ဝင်း