မန္တလေး ဇူလိုင် ၂၆
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက်ရှိသူများ ၂၀၀ ဦးကို COVID-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉နာရီခွဲမှစတင်၍ စုရပ် ၄နေရာတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာ နေရာများသို့ ချမ်းအေးသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး COVID - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်သည့် စုရပ်များမှာ ကန်ကောက်ရပ်ကွက်၊ ၃၁လမ်းနှင့် ၃၂လမ်းကြား၊ ၅၆လမ်းနှင့် ၅၇လမ်းကြားရှိ ဝါခင်းကုန်းဘုရား ဓမ္မာရုံ၊ ၇၆ လမ်း၊ ၂၈လမ်းနှင့် ၂၉လမ်းကြားရှိ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ ၃၁ လမ်း၊ ၈၅လမ်းနှင့် ၈၆ လမ်းကြား၊ သကျသီဟဘုရားဝင်း အတွင်းရှိ ဝေဇယန္တာဗန္ဓုလဓမ္မာရုံနှင့် ၈၉ လမ်း၊ ၂၇လမ်းနှင့် ၂၈ လမ်းကြားရှိ အိမ်တော်ရာဘုရားဝင်းတို့ ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်