ကျိုင်းတုံ ဇူလိုင် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဖွင့်လှစ်ထားသည့် Quarantine Center များနှင့် Positive Isolation Ward များရှိ အသွားအလာကန့်သတ်ထားသူများ၊ ကိုဗစ်(၁၉)အတည်ပြုလူနာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များအား ကျွေးမွေးစရိတ်နှင့် စစ်ဆေးရေးဂိတ်များတွင် လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေး ဆန်အိတ်များနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့၌ အလှူရှင်များက လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် Hanley Group of Companies ကိုးကန့် လူမှုဖွံ့ဖြိုးရေး အသင်း(တာချီလိတ်မြို့)မှ ငွေကျပ် သိန်း ၅၀ နှင့် ဆန်အိတ် ၅၀ ၊ ဦးလောတာနှင့် မိတ်ဆွေ ညီအစ်ကိုများ(တာချီလိတ်မြို့)မှ ငွေကျပ် သိန်း ၅၀ တို့ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံ လာရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလ ဇွန်လမှ ယမန်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁၁၉၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၅၀၀ ဦး၊ သေဆုံးသူ ၃ ဦး၊ ကုသဆဲ ၆၉၃ ဦးရှိကြောင်းသိရပြီး၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို တာဝန်ရှိသူများက အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်