မန္တလေး ဇူလိုင်လ ၂၆
မဟာအောင်မြေမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်ရှိသူများကို COVID - 19 ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉နာရီခွဲမှစတင်၍ စုရပ်တစ်နေရာလျှင် ၅၀ဦးနှုန်းဖြင့် စုရပ်၄နေရာတွင် ထိုးနှံပေးခဲ့သည်။
ယင်း COVID - 19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသော စုရပ်များမှာ ၃၆နှင့် ၆၄လမ်းထောင့်ရှိ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၊ ၃၇လမ်း၊ ၇၃နှင့်၇၄ကြားရှိ လက်ပံတန်း ဓမ္မာရုံ၊ ၈၂လမ်း၊ ၃၆နှင့်၃၇လမ်းကြားရှိ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းနှင့် မဟာအောင်မြေ အားကစားကွင်းဖြစ်ကြောင်း၊ အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူးဦးစိုးဝင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဆီတို့မှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကျော်မြဝင်းနှင့်အဖွဲ့မှ လုံခြုံရေး ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
ထိပ်ထားနိုင်