ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်ရန်နည်းလမ်းများ၊ ပြုမူနေထိုင်သင့်သည့် ပုံစံများနှင့့်ပြည်သူများ သိသင့်သိထိုက်သည်များ သိရှိနိုင်စေရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊မြဝတီမြို့ရှိ ခရိုင်ပြည်သူ့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဝင်းနှင့် ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ဆုံမေးမြန်းချက်များအား ဖော်ပြအပ်ပါသည်။
တွေ့ဆုံမေးမြန်း-ထိန်လင်းအောင်(ပြန်/ဆက်)
မေး။ ။ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ အခု ပထမဆုံးအနေနဲ့ ဒီကိုဗစ်-၁၉ရောဂါဟာ ဘယ်လိုကူးစက်တတ်ပါသလဲခင်ဗျာ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါက ရောဂါရှိတဲ့သူက နှာချေရင်သော်လည်းကောင်း၊ ချောင်းဆိုးရင်သော်လည်းကောင်း ထွက်လာတဲ့ အစက်အမှုန်တွေကနေပြီးတော့ တစ်ခြားသူတစ်ရောက်ရဲ့ အသက်ရှုလမ်းကြောင်းကို ဝင်ရာကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။
မေး။ ။ အဲ့လိုကူးစက်မှုတွေကနေကာကွယ်ဖို့အတွက် အဓိကအချက်အနေနဲ့ ဘာကိုအဓိကထား လိုက်နာရမလဲခင်ဗျ။
ဖြေ။ ။ အဓိကကတော့ တတ်နိုင်သမျှအိမ်ထဲမှာပဲနေရမယ်၊ လူစုလူဝေးကို ရှောင်ရမယ်၊ အပြင်ထွက်တာကို ရှောင်ရမယ်၊ အပြင်မဖြစ်မနေထွက်ရမယ်ဆိုလို့ရှိရင်လည်း Mask တပ်ရမယ်၊ တစ်ရောက်နဲ့တစ်ရောက်ပြောဆိုဖို့လိုလာရင်လည်း ၆ ပေအကွာကနေပြောဆိုနေထိုင်ရမယ်ပေါ့၊ အဲ့လိုနည်းနဲ့လမ်း ဒီကူးစက်မှုတွေကို ကာကွယ်နိုင်တယ်ပေါ့နော်၊ နောက်လက် ဆေးရမယ်၊ လက်ကိုစက္ကန့် ၂၀ ကြာအောင် လက်ဆေးရမယ်၊ နောက်လေဝင်လေထွက်ကောင်းတဲ့ အခန်းတွေ နေရာတွေမှာ နေထိုင်ရမယ်၊ လူစုလူဝေးကို ရှောင်ကြဉ်ရမယ်၊ ဒါတွေပေါ့ ဒါတွေ လိုက်နာကြမယ်ဆိုရင် ကူးစက်မှုကနေ ကာကွယ်နိုင်ပါ တယ်။
မေး။ ။ အခုကူးစက်မှုဖြစ်ပွားနေတဲ့အထဲမှာ ဘယ်လိုအသက်အရွယ်တွေက အများဆုံးကူးစက်မှုတွေရှိနေလဲခင်ဗျ
ဖြေ။ ။ အခုဖြစ်နေတာကတော့ အသက်အရွယ်မရွေးကူးစက်နေတာကိုတွေ့ရတယ်၊ ကိုဗစ်-၁၉ စည်းကမ်းတွေကိုလိုက်နာမှုနည်းတဲ့ သူအားလုံးကတော့ကူးစက်မှုတွေ ဖြစ်နေတာတွေ့ရပါတယ်၊ ကိုယ်ခံအားနည်းတဲ့ ရောဂါအခံရှိတဲ့သူတွေ ဥပမာ ဆီးချို၊ သွေးတိုး၊ နှလုံး ဒီလိုမျိုးပေါ့နော် ကိုယ်ခံအားကြတဲ့သူတွေဆိုလိုရှိရင် ပိုပြီးတော့ ကူးစက်တတ်တယ်ပေါ့၊ ဒါပေမယ့် အခု ကျွန်မတို့ တွေ့နေရ တာကတော့ ကိုဗစ်-၁၉ စည်းကမ်းကို မလိုက်နာတဲ့ ဘယ်အသက်အရွယ်မရွေး ကူးစက်နေတာကိုတော့ တွေ့ရပါတယ်။
မေး။ ။ မြဝတီမြို့က နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့အတွက် ရွှေ့ပြောင်းသွားလာမှုများပြားတဲ့မြို့ပေါ့နော် ဒီအပေါ်မှာရော ရောဂါကာကွယ် မှုကိုထိန်းချုပ်ဖို့အတွက် ဘယ်လိုစီမံထားပါသလဲခင်ဗျ
ဖြေ။ ။ မြဝတီမြို့က နယ်စပ်မြို့ဖြစ်တဲ့အတွက် ရွှေ့ပြောင်းသွားလာမှုများတယ်၊ ကုန်သွယ်ရေးမြို့လည်း ဖြစ်တယ်ပေါ့နော်၊ အဲ့တော့ ထိန်းချုပ်ရခက်တဲ့မြို့ပေါ့၊ အဲ့တော့ ကူးစက်မှုတွေကလည်း တဖြည်းဖြည်းများလာတော့ (၁၃)ရက် (၇)လပိုင်းကစပြီးတော့ Stay at Home အစီစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်၊ ကြေညာလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဒေသအုပ် ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တတ်နိုင်သမျှ ပြည်သူတွေအိမ်ထဲမှာပဲနေဖို့၊ ကိုဗစ်-၁၉ ရဲ့စည်းကမ်းတွေကို လိုက်နာဖို့ဆိုပြီး တော့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ မြဝတီခရိုင်ဘေးန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနဲ့ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်းပြီးတော့ နံနက် နေ့လည် ညနေ ဆိုပြီး တစ်နေ့သုံးချိန် နေ့စဉ် အသိပညာပေးတွေ ဆောင်ရွက်နေပါတယ်၊ နောက်ဈေး တွေလည်းပိတ်တယ်၊ ဆိုင်တွေအနေနဲ့လည်း မဖြစ်မနေ စားသောက်ရမယ့် ဆိုင်နဲ့ ဆေးဆိုင်တွေကလွဲလို့ အကုန်ပိတ်တယ်ပေါ့နော်၊ ဈေးတွေကိုလည်း ၆ ပေးခြားရောင်းနိုင်ဖို့ စီစဉ်တယ်၊ ရွှေ့ပြောင်းတယ်ပေါ့နော်၊ နောက်ဈေးသည်တွေလည်း Mask တပ်ဖို့၊ ဈေးဝယ်သူတွေ Mask တပ်ဖို့ ဆောင်ရွက်တယ်ပေါ့နော်၊ ဒါကတော့ အုပ်ချုပ်ရေးအပိုင်းကပေါ့ ကျွန်မတို့ ကျန်းမာရေးဌာန
အနေနဲ့လည်း တနင်္လာကနေ့ သောကြာနေ့ အထိ နေ့လည် ၁ နာရီကနေ ၂ နာရီအတွင်းမှာ ရောဂါလက္ခဏာပြပြီး အသက်ရှုကြပ် တယ်ဆိုတဲ့ လူနာတွေကို ဒီ RTD Test Kit နဲ့ စစ်ပြီး ရောဂါရှာဖွေပေးတယ်ပေါ့နော်၊ တကယ်လို့ Positive ဆိုရင်လည်းပဲ ရောဂါလက္ခဏာပြင်းထန်ရင် ဆေးရုံတက်ပေါ့၊ သိပ်ပြီး မပြင်းထန်ရင်လည်းပဲ Positive စင်တာပေါ့၊ အဲ့လို ဆောင်ရွက်နေတယ်ပေါ့၊ အဲ့ဒီကနေပြီးတော့ ရောဂါဖြစ်တဲ့သူနဲ့ ထိတွေ့ရှိတဲ့ သူတွေကို Home ကွာရတင်းပေါ့၊ အုပ်ချုပ်ရေးအပိုင်းကသူတွေက သူတို့ကို စောင့်ကြပ်ကြည့်ရှုစေတာပေါ့၊ ဒါကတော့ ပြည်သူ့ကျန်းမာရေးအပိုင်းပေါ့၊ ကုသရေးအပိုင်း ကျွန်မတို့ ဆေးရုံအပိုင်းကြတော့လည်းပဲ ဆေးရုံက ၂၄ နာရီဖွင့်ထားပါတယ်၊ ကိုဗစ်-၁၉ မဟုတ်သော အရေးပေါ်လူနာတွေလည်း ကြည့်ပေးနေရတယ်ပေါ့၊ ကိုဗစ်-၁၉ လူနာ တွေကတော့ ၂၄ နာရီအတွင်းမှာတော့ သူတို့ တက်ချင်တဲ့အချိန်တက်လို့ရတယ်ပေါ့နော်ည ဒါကြောင့်မို့လို့ ကျွန်မတို့ တတ်စွမ်းသ ရွေ့ လုပ်နိုင်တဲ့အထိ အစွမ်းကုန်ဆောင်ရွက်ပေးသွားမှာပါ။မေး။ ။ အခု ဒီကိုဗစ်ရောဂါဖြစ်ပွားနေတာက တတိယလှိုင်းလို့ ပြောကြတာပေါ့နော်၊ အခုတတိယလှိုင်းမှာ သေဆုံးနှုန်း များတာတွေ့ရတယ်ပေါ့နော်၊ ပိုးက အားကောင်း ပြင်းထန်လို့လား ဒါမှမဟုတ် ဘာလို့လဲခင်ဗျ အကြောင်းအရင်းများရှိမလား။
ဖြေ။ ။ တတိယလှိုင်းမှာ ဗီဆပြောင်းတယ်လို့ ပြောကြတယ်ပေါ့နော်၊ မျိုးရိုးဗီဆပြောင်းတဲ့ ပိုးဖြစ်သွားတယ်ပေါ့နော်၊ ကူးစက်မှုနှုန်း လည်းပြင်းထန်တယ်၊ ရောဂါလက္ခဏာလည်း ပြင်းထန်တယ်ပေါ့နော်၊ အဓိကကတော့ အသက်ကြီးပိုင်းတွေ ရောဂါအခံရှိတဲ့သူတွေ ဆီးချို၊သွေးတိုး၊နှလုံးပေါ့နော် အဲ့လိုသူတွေက သေဆုံးနှုန်း များကြတာပါ။
မေး။ ။ ကိုဗစ်လက္ခဏာလည်းပြတယ်၊ ကိုဗစ်ဖြစ်ဖို့လည်း သေချာသလောက်ရှိတယ် ဒါပေမယ့် မပြင်းထန်ဘူးပေါ့နော် ဆေးရုံတွေ စင်တာတွေ သွားဖို့လည်း အခြေအနေမပေးလို့ အိမ်မှာပဲ နေရမယ်ဆိုရင် ဘယ်လိုနေရမလဲ ဆောင်ရန် ရှောင်ရန်လေး ပြောပြပေးပါဦး ခင်ဗျ
ဖြေ။ ။ သူ့မှာ ကိုဗစ်-၁၉ လက္ခဏာက ပြင်းထန်တဲ့ လက္ခဏာမပေါ်ဘူး သာမာန်လက္ခဏာလေးပဲဖြစ်တယ်ဆိုလို့ရှိရင် သူအိမ်မှာ ၂ ပတ်နေပေါ့၊ တစ်ခြားမိသားစုတွေနဲ့ မရောပဲ သီးသန့်နေပေါ့၊ သီးသီးသန့်သန့်အခန်းနဲ့ Mask တပ်ပြီးနေပေါ့၊ ပြီးတော့ ကိုယ့်ကိုယ်ကို လည်း အမြဲဆန်းစစ်နေရမှာပေါ့၊ဥပမာ ကိုယ့်ရဲ့ အောက်ဆီဂျင်တိုင်းတဲ့ စက်လေးနဲ့ တိုင်းကြည့်ရမှာပေါ့၊ တိုင်းကြည့်လို့ ၉၀ အောက် ကျလာတယ် ဆိုလို့ရှိရင် ဆေးရုံဆေးခန်းတွေကို လာလို့ရပါတယ်၊ အဓိကကတော့ အခြားသူတွေနဲ့ မရောပဲ ၂ ပတ်သီးခြား နေထိုင် တာကတော့ အကောင်းဆုံးပေါ့နော် ရောဂါလက္ခဏာတအားကြီး ဆိုးလာမယ်ဆိုလို့ရှိရင် ဆေးရုံဆေးခန်းတွေ တက်ဖို့လိုပါတယ်။
မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ဒီကိုဗစ်-၁၉ တတိယလှိုင်းကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြည်သူတွေကို ပြောချင်တဲ့အချက် မှာချင်တဲ့ အဓိကအချက်လေး ပြောပြပေးပါဦးခင်ဗျာ
ဖြေ။ ။အဓိကကတော့ အခုလို ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြင်းထန်နေတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာနေ တာအကောင်းဆုံးပါ၊ မဖြစ်မနေအိမ်ပြင်ထွက်ရမယ်ဆိုလို့ရှိရင်လည်း ကိုဗစ်-၁၉ စည်းကမ်းတွေကို လိုက်နာပါ၊ Mask တပ်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့် ၂၀ ကြာအောင် ဆေးပါ၊ လေဝင်လေထွက်ကောင်းတဲ့ ကောင်းတဲ့ နေရာအခန်းတွေမှာ နေပါလို့ ပြည်သူတွေကို မှာချင်ပါတယ်။
အခုလို ပြည်သူတွေသိချင်တဲ့ သိသင့်တဲ့ အရာတွေကို အချိန်ပေးပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။