အောက်ဆီဂျင်လိုအပ်နေသော ကိုဗစ်−၁၉ ရောဂါခံစားနေရသူများအတွက် အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပြီ

နေပြည်တော်  ဇူလိုင်   ၂၅

အမှန်တကယ်အောက်ဆီဂျင်လိုသူများအတွက် အခမဲ့ပေးဝေမည့်အစီအစဉ်ကို ဇူလိုင်လ ၂၄ရက် က စတင်လိုက်ပြီ ဖြစ်သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ပရဟိတ အဖွဲ့များနှင့်ပူးပေါင်းပြီး အောက်ဆီဂျင်လိုအပ်နေသော ကိုဗစ်−၁၉ ရောဂါခံစားနေရသူများ အတွက် မြို့နယ်အလိုက်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် မြို့နယ်အလိုက် အများပြည်သူသွားလာရန် လွယ်ကူသောနေရာတွင် အောက်ဆီဂျင်ဝေသည့် စခန်းများ ဖွင့်လှစ်ပေး ထားမည့်အပြင် မြို့နယ်ထွေအုပ်ရုံးသို့လည်း ဖုန်းဖြင့် စုံစမ်းနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အောက်ဆီဂျင် အမှန်တကယ်လိုအပ်နေသော လူနာအတွက် အောက်ဂျင်ထည့်ရန် ဆလင်ဒါအိုး လွတ်များကို အမှတ်အသားပြု၍ ပေးပို့ထားရမည်ဖြစ်ပြီး မြို့နယ်အောက်ဆီဂျင် ထောက်ပံ့ရေး အဖွဲ့မှ Liquid Oxygen ကို ဓာတ်ငွေ့ဖျော်ပေးသော စက်ရုံ ၃ ရုံသို့ မိဘ ပြည်သူများ ကိုယ်စား အပင်ပန်းခံကာ သွားရောက် ဖြည့်တင်းပေးမည်ဖြစ်သည့်အပြင် မနက်ပို့ ညနေယူ၊ ညနေပို့နောက်နေ့မနက ်ပြန်ယူစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အောက်ဆီဂျင် ယူရန်အတွက် အမှန်တကယ် အသုံးပြုမည့်လူနာ၏ အမည်၊ မှတ်ပုံတင်၊ အသက်၊နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ကိုသာ မှတ်တမ်း ရေးသွင်းရန်သာ လိုအပ်မည် ဖြစ်သည်။ အောက်ဆီဂျင်အိုး မရှိသေးသူများနှင့် အိုးမဝယ်နိုင်သူများ၏ အခက်အခဲကိုလည်း မြို့နယ်အလိုက် ပရဟိတအဖွဲ့များ နှင့် ပူးပေါင်းဖြေရှင်း ပေးမည်ဖြစ်သည်။

အမှန်တကယ် အောက်ဆီဂျင်လိုအပ်ခြင်းမရှိဘဲ တန်းစီ တိုးစား အမြတ်တင်ရောင်းသူရှိပါက အဆိုပါအဖွဲ့မှ ထောက်လှမ်းစုံစမ်းအရေးယူမည်ဖြစ်ပြီး မလိုအပ်ဘဲ အပိုသိမ်းထားမည့်သူများ ကို ပေးမည်မဟုတ်ကြောင်း၊ ထောက်ခံစာယူလာရန် မလိုကြောင်း၊  ထောက်ခံစာအတွက်သော် လည်းကောင်း၊ အခြားသောအကြောင်းပြချက် တခုခုဖြင့်သော်လည်းကောင်း ငွေပေးရန်မလိုကြောင်း၊ ပုံမှန်အောက်ဆီဂျင်အိုး ထုတ်လုပ်နေသည့် စက်ရုံများအားလုံးကိုမည်သည့် ထိန်းချုပ်မှု လုပ်ဆောင်ထားခြင်း မရှိကြောင်းနှင့် ပုံမှန်စျေးနှင့်လွတ်လပ်စွာရောင်းချခွင့် ပြုထားကြောင်းနှင့် ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်းမရှိပါက 199 ကို တိုင်ရန်လိုအပ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ 

လိုသလောက်ရရှိနိုင်မဟုတ်သော်လည်း အမှန်တကယ်လိုအပ်သူများ ရရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အစတွင် ခက်ခဲနိုင်သော်လည်း system မှန်သွားလျှင် ချောမွေ့သွားမည်ဖြစ်သည်။ အောက်ဆီဂျင်ကို ပုံမှန်ဈေးနှုန်းဖြင့် မဟုတ်ဘဲ အများပြည်သူအား အမြတ်ကြီးစားလျှင်သော် လည်းကောင်း၊ လွယ်တာကိုခက်အောင် လုပ်လျှင် သော်လည်းကောင်း၊ ပြည်သူ့မျက်နှာမကြည့်ဘဲ ကိုယ်ကျိုး တစ်ခုဘဲရှေ့တန်းတင်လျှင်သော်လည်းကောင်း ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ်သာခံရမည် ဖြစ်ပြီး နောက်ဘဝမကူး လက်ငင်းအကျိုးပေး မြန်လိမ့်မည်ဖြစ်ကြောင်း စီစဉ်ပေးသူများက ပြောကြားထားကြောင်း သတင်းရရှိသည်။