ပဲခူး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် ရပ်ကွက်ကိုဗစ်အထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်း၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ယမန်နေ့တွင် ပဲခူးမြို့ပေါ်ဆေးရုံမှ မဟုတ်ဘဲ ရပ်ကွက်များအတွင်း ကိုဗစ်သံသယဖြင့် သေဆုံးသည့် နေအိမ်များရှိ မိသားစုများအား Swab Mobile Carဖြင့် လှည့်လည်၍ ကိုဗစ် ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ် လျက်ရှိရာ ထိုသို့ စစ်ဆေးပေးမှုကြောင့် ပဲခူးမြို့နယ်၏ ဇူလိုင် ၂၄ ရက်နေ့ ရောဂါပိုးထပ်မံ တွေ့ရှိသူများအနက် အဆိုပါ Swab Mobile Carဖြင့် လှည့်လည်၍ ဗိုလ်ဘုန်းရပ်ကွက်အတွင်းရှိ ကိုဗစ်သံသယဖြင့် သေဆုံးနေအိမ်(၃)အိမ်ရှိ မိသားစု (၁၆)ဦးအား RDT test kit ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ထို့သို့စစ်ဆေးပေးမှုကြောင့် သေဆုံးနေအိမ်(၂)အိမ်မှ ပိုးတွေ့ရှိသူ (၃)ဦးအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ပဲခူးမြို့နယ်အတွင်း ဇူလိုင် ၂၄ ရက်၊ ည(၇)နာရီအထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၈၅၄)ဦး၊ ဆေးရုံတက်ရောက်ကုသနေသူ(၅၂၈)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ သူ (၁၂၅၅)ဦးနှင့် သေဆုံးသူ (၇၁)ဦး ရှိပြီဖြစ်သဖြင့် ခရိုင်/မြို့နယ်ကိုဗစ်ကော်မတီမှ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရပ်ကွက်အတွင်း သေဆုံးသူနေအိမ်များအား ကန့်သတ ခြင်း၊ ပိုးသတ်ဆေးဖြန်းပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးငြိမ်း(ပြန်/ဆက်)