ကျောက်ပန်းတောင်း ဇူလိုင် ၂၅
မေး။ ပြည်သူတွေအနေဖြင့် ကိုဗစ်−၁၉ ရောဂါလက္ခဏာတွေ ရှိလာပြီဆိုရင် ဘယ်လို ဆက်သွယ် ဆောင်ရွက်ရမလဲ ဆိုတာ သိပါရစေရှင်။
ဖြေ။ ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိ/မရှိကို ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ ဆေးရုံ (သို့မဟုတ်) မြို့နယ်အတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ဆက်သွယ်ပြီး မြို့နယ် ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ရောဂါရှိ/မရှိနေ့စဉ် စစ်ဆေးနေပါတယ်။
မေး။ ကိုဗစ်-၁၉ရောဂါ သံသယလူနာတွေကို ရောဂါပိုးရှိ/မရှိ ဘယ်လိုစစ်ဆေးပေးနေပါသလဲ။
ဖြေ။ သံသယရှိတဲ့ လူနာတွေကို အခုလက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ် ပြုထား တဲ့ RTD Tesk Kit နဲ့ စစ်ဆေးပေးနေပါတယ်။
မေး။ ပိုးတွေ့လူနာများအတွက် ကျန်းမာရေးဌာနက ဘယ်လိုဆောင်ရွက်ပေးနေပါသလဲ။
ဖြေ။ ပိုးတွေ့လူနာအကုန်လုံးကို ကျောက်ပန်းတောင်း မြို့နယ်ဆေးရုံ၊ ပုပ္ပါးတိုက်နယ်ဆေးရုံ GTIကိုဗစ် စင်တာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။(၂၄)နာရီ စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။
မေး-ပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်ရရှိမှုအခြေအနေ နှင့်လိုအပ်ချက်အပေါ်ဘယ်လို စီစဉ်ဆောင်ရွက်ထားပါသလဲ။
ဖြေ-အောက်ဆီဂျင်ရရှိမှုအနေနဲ့ အခုလောလောဆယ် လုံလောက်မှုမရှိပါ။အောက်ဆီဂျင်ရရှိမှု အခုလောလောဆယ်အနေနဲ့ မန္တလေးရတနာပုံ အောက်ဆီဂျင် စက်ရုံကနေပြီး မြို့နယ် စီမံ အုပ်ချုပ်မှုကောင်စီရဲ့ဆက်သွယ်မှုမှ တစ်ဆင့် တိုင်းစီမံအုပ်ချုပ်မှုကောင်စီက ပေးတဲ့ ရတနာပုံ အောက်ဆီဂျင်စက်ရုံကနေပြီး ကျွန်တော်တို့ အောက်ဆီဂျင်အိုးကြီးတွေ ဖြည့်တင်းရရှိပါတယ်။ အဲဒါလည်း လုံလောက်မှုမရှိတဲ့အတွက် ပြင်ပအလှူရှင်တွေဖြစ်တဲ့ သုဂတိရှင် နာရေးကူညီမှု အသင်းကနေ ဝိုင်းဝန်းပြီး အောက်ဆီဂျင်တွေ ဝယ်ယူလှူဒါန်းပေးနေပါတယ်။ ဒါပေမယ့် လုံလောက်အောင်ရရှိဖို့ အတွက် အခက်အခဲအနည်းငယ်ရှိနေပါသေးတယ်။
မေး-ကျောက်ပန်းတောင်းမြို့မှာ အောက်ဆီဂျင်ထုတ်လုပ်မည့် စက်ရုံတည်ဆောက်မည့် အစီ အစဉ်လက်ရှိအခြေအနေမှာရှိပါသလား။
ဖြေ-ကျောက်ပန်းတောင်းမြို့မှာ အောက်ဆီဂျင်ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်မဲ့အစီအစဉ်ရှိ တယ်လို့ကြားသိရပါတယ်။ပြင်ပအလှူရှင်အသင်းအဖွဲ့ကဆောက်လုပ်မည်ဟု သိရပါတယ်။
မေး-ပိုးတွေ့သူဦးရေ၊ဆေးရုံတက်သူဦးရေ၊ဆေးရုံဆင်းသူဦးရေနှင့် သေဆုံးသူဦးရေ ဘယ်လောက်ရှိပါသလဲ။
ဖြေ-ဇူလိုင်လ(၂၃)ရက်ထိ ဆေးရုံတက်သူဦးရေ(၂ဝ၅)ဦးရှိပြီး ဆေးရုံဆင်း+လွှဲပြောင်း(၉၀) ဦးနဲ့သေဆုံးသူဦးရေ(၁၁)ဦးရှိပါတယ်။အခုလက်ရှိအနေနဲ့ (၁၀၄)ဦးကို ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိပါတယ်။
မေး-ကာကွယ်ဆေးထိုးဖို့ ကျန်တဲ့သူတွေကို ထိုးနှံပေးဖို့ ကျန်တဲ့သူတွေကို ဘယ်လိုစီစဉ် ထားပါသလဲ။
ဖြေ-မန္တလေးတိုင်းကျန်းမာရေဦးစီးဌာနရဲ့အစီအစဉ်နဲ့ ဆေးထိုးနှံရန် ကျန်တဲ့သူတွေကိုဆက်ပြီး ကာကွယ်ဆေးထိုးဖို့အတွက် လောလောဆယ်စာရင်းကောက်နေပါတယ်။ထိုးဖို့လည်း သိပ်မကြာ ခင်မှာ လာပါတော့မယ်။
မေး-အခြားဖြည့်စွက် ပြောချင်တဲ့စကားရှိရင်လည်း ပြောပေးပါရှင်။
ဖြေ-ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းက တော်တော်ဆိုးဝါးပါတယ်။အခုဖြစ်နေတဲ့ ကိုဗစ်-၁၉က အရမ်းကူးစက်လွယ်ပါတယ်။သေနှုန်းလည်း အရမ်းမြင့်တာဖြစ်တဲ့အတွက် လူအားလုံးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးတွေမှာ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ကိုဗစ်-၁၉ရောဂါကို ကာကွယ်ကုသ ရေးမှာ အရေးကြီးပါတယ်။ကာကွယ်ရေးအပိုင်းမှာ ဂရုစိုက်ပြီး လိုက်နာကြဖို့ တိုက်တွန်းချင် ပါတယ်။
မြင့်ကေခိုင်