မေး။ ကိုဗစ်(၁၉)အတည်ပြုလူနာတွေကို ကုသဖို့ ဘယ်လိုစီမံဆောင်ရွက်ပေးနေတယ်ဆိုတာကိလည်း သိပါရစေခင်ဗျ။
ဖြေ။ လက်ရှိဆေးရုံမှာ ကိုဗစ်(၁၉)ရောဂါ ကုသဆောင်မှာ ဆရာဝန်တစ်ဦးနဲ့အတူ သူနာပြုများ က ဆေးကုသမှု ပေးနေပါတယ်၊ အကယ်၍ အတည်ပြုလူနာ များလာပါက ဆရာဝန်နဲ့ သူနာပြုအင်အား ထပ်မံ ဖြည့်တင်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်။
မေး။ ပြည်သူတွေအနေနဲ့ မိမိကိုယ်ကို သံသယဖြစ်တယ်ဆိုရင် ဘယ်လို ဆက်သွယ်ဆောင်ရွက်သင့်တယ်ဆိုတာကိုလည်း သိရှိလိုပါတယ်ခင်ဗျ။
ဖြေ။ ပြည်သူတွေအနေနဲ့ မိမိကိုယ်ကို သံသယရှိပြီး၊ ကိုဗစ်(၁၉)ရောဂါပိုးရှိ/မရှိ စစ်ဆေး လိုတယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေ၊ အုပ်ချုပ်ရေးရုံးတွေ၊ ကိုဗစ်(၁၉)Call Centerတွေကို ဆက်သွယ်ပြီး ကျန်းမာရေးစစ်ဆေးနိုင်ဖို့ဆက်သွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
မေး။ ဆရာကြီးတို့ ဆေးရုံမှာ ကိုဗစ်(၁၉)အတည်ပြုလူနာ ဘယ်နှစ်ဦးလောက် လက်ခံကုသပေး နိုင်ပါသလဲ၊အကယ်၍များ လူနာတွေများလာခဲ့ရင် ဘယ်လိုကြိုတင်ပြင်ဆင် ထားတယ် ဆိုတာကိုလည်း သိပါရစေခင်ဗျ။
ဖြေ။ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ အတည်ပြုလူနာ (၅၀) ဦးကျော် လက်ခံကုသပေးနိုင်ပြီး(၅၀)ဦးထက်ကျော်လွန်လာခဲ့ရင် ကိုဗစ်(၁၉)အတည်ပြုလူနာများ လက်ခံကုသစောင့် ရှောက်ပေးနိုင်ဖို့အတွက် ပြည်နယ်၊ ခရိုင် ကိုစ်(၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများနဲ့ ညှိနှိုင်းစီစဉ်ထားပါတယ်။ ဒီလိုစီစဉ်ရာမှာ ကျိုင်းတုံ သူနာပြု သင်တန်းကျောင်းမှာ အတည်ပြု လူနာ (၇၀)ဦး ထားရှိနိုင်ရေးကို ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိပြီး ဖြစ်ပါတယ်။
မေး။ ကျန်းမာရေးဌာနအနေနဲ့ မြို့ဝင်ဂိတ်တွေမှာ ဘယ်လိုကြိုတင်ကာကွယ် စစ်ဆေးဆောင် ရွက်နေတယ်ဆိုတာ သိပါရစေခင်ဗျ။
ဖြေ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့အဝင်ဂိတ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေက သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ယာဉ်မောင်းတွေ၊ခရီးသည်တွေကို ကိုဗစ်(၁၉) ရောဂါ ကူးစက်ခံထားရမှု ရှိ/မရှိ စစ်ဆေးပေးပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့လို့ရှိရင် ပြည်သူ့ဆေးရုံတွေနဲ့ သတ်မှတ်နေရာတွေမှာ ဆေးကုသပေးပြီးတော့ ၎င်းတို့နဲ့ ထိတွေ့ ဆက်စပ်ခဲ့သူတွေကိုလည်း Quarantine ထားရှိ စောင့်ကြည့်ကာ စစ်ဆေး ပေးနေလျက်ရှိပါတယ်။
မေး။ ပြည်သူတွေအနေနဲ့ ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုမခံရအောင် ဘယ်လို ပြုမူ နေထိုင်သင့် တယ် ဆိုတာလေး ရှင်းပြပေးပါလားခင်ဗျ၊
ဖြေ။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စနစ်တကျနေထိုင်ပြီး၊ အာဟာရပြည့်အောင် အစားအစာများ စားသုံးတာ၊အိပ်ရေးဝအောင် အိပ်တာ၊ ရေများများသောက်တာ၊ မဖြစ်မနေ နေအိမ်ပြင်ပသွားလာရပါက ပါးစပ်နှာခေါင်း စည်း (Mask)များတပ်ဆင်တာ၊ Face Shield တပ်ဆင်တာ၊ လူစုလူဝေးရှောင်ကြဉ်တာ၊ တတ်နိုင်သမျှ မိမိအိမ်တွင်မှာပဲနေတာ၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောတာ၊ လေဝင်လေထွက် မကောင်းတဲ့ အခန်းတွေကိုသွားရောက်ခြင်း ရှောင်ကြဉ်တာ၊ စတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေအတိုင်း နေထိုင်သင့်ပါတယ်။ ဒါ့အပြင် အချင်းချင်း အသိပေးတာတွေ သတိပေးတာတွေကို့ ဆောင်ရွက်ဖို့ လည်းလိုအပ်မှာဖြစ်ပါတယ်။
မေး။ အခြား ဖြည့်စွက်ပြောလိုတာရှိရင်လည်း ပြောပြပေးပါအုံးခင်ဗျာ။
ဖြေ။ ပြည်သူတွေအနေနဲ့ အထက်ဖော်ပြပါ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာပြီး ပူးပေါင်း ပါဝင် နေထိုင်လုပ်ကိုင်မယ်ဆိုရင် ကိုဗစ်(၁၉)ရောဂါကူးစက်မှုကို ဟန့်တားနိုင်မှာ ဖြစ်ပြီးတော့ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းတွေကို ထိရောက်လျှင်မြန်စွာပဲ ဆောင်ရွက် နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။