မုံရွာခရိုင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့ဝင်/မြို့တွင်း/မြို့ထွက်တို့ရှိ  ပူးပေါင်းစစ်ဆေးရေးဂိတ်တို့အား ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မုံရွာ    ဇူလိုင်    ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  မုံရွာခရိုင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်(၈)နာရီက  မုံရွာခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်း အဖွဲ့ဝင်များ ပါဝင်‌သော ပူးပေါင်းအဖွဲ့သည် အများပြည်သူ သွားလာလျက်ရှိသော မုံရွာ မြို့ဝင်/ မြို့တွင်း/ မြို့ထွက်တို့ရှိ ကိုဗစ်-၁၉ ကာကွယ်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များဖြစ်သည့် ရွှေစည်းခုံဘုရားအနီး တင်ဝင်းထွန်းဓမ္မာရုံရှေ့လမ်းဆုံ၊ ဘိုးဘွားရိပ်သာအဝိုင်းလမ်းဆုံ၊ မြဝတီရပ်ကွက်ရုံးရှေ့ကျောက္ကာလမ်း၊ ပြည်ထောင်စုလမ်းပေါ်ရှိ ကန်သာယာကန်အရှေ့ဘက် ကြည်မြန်မာဟိုတယ်ရှေ့  ကန်သာယာ ယာယီစျေး၊ ကျွဲရဲအဝိုင်း Denko ဆီဆိုင်အနီး၊ အလုံ ကိုဗစ်-၁၉ ကာကွယ်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်နေရာများတွင် တာဝန်ရှိသူများ၏ လုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့သည် အဆိုပါ မုံရွာမြို့  မြို့ဝင်/ မြို့တွင်း/ မြို့ထွက်တို့ရှိ ကိုဗစ်-၁၉ ကာကွယ်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ် များ တွင် တာဝန်ထမ်းဆောင်နေသူများမှ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါ ကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတို့က လတ်တလောထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအပြင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားသော ဒေသမှ ပြန်လာသူများ ခွင့်သွားစဉ်/အိမ်တွင် နေထိုင်စဉ် လိုက်နာရမည့်အချက်(၉)ချက်နှင့် ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန်အချက် (၉) ချက် တို့အားလည်းကောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ကို မိမိကစ၍ ကာကွယ်ပါ လက်ကမ်းစာစောင်များအား အများပြည်သူသိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံ ကြေညာခြင်း၊ ဖြန့်ဝေပေးခြင်းများအပြင် မုံရွာမြို့နယ်အား Stay at home စတင် သတ်မှတ်ကြေညာခဲ့သဖြင့် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်စေရေးနှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့သွားလာရန်ရှိပါက သတ်မှတ်ထားသော ရပ်ကွက်/ကျေးရွာများအလိုက် စျေးဝယ်ကတ်၊ ဆေးရုံ/ဆေးခန်းသွားလာရန် ဝင်/ထွက် ခွင့်ကတ်များ ကိုင်ဆောင်၍ (mask)ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာစေရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သောကျန်းမားရေးသုံး ပစ္စည်းများဖြစ်သည့် (mask)ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်ဗူးများကို တာဝန်ရှိသူများထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)