တနင်္သာရီမြို့အဝင်/ အထွက် တံတားထိပ် ကိုဗစ်−၁၉ ကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် နေ့စဉ် စစ်ဆေးဆောင်ရွက်

တနင်္သာရီ    ဇူလိုင်လ   ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တနင်္သာရီမြို့၏အဝင်/ အထွက် နေရာဖြစ်သော တနင်္သာရီတံတားထိပ်(အောက်ကင်းဘက်ခြမ်း)ရှိ နဂါးရုပ်တုအရှေ့ ယာယီ မဏ္ဍပ် နေရာ၌ ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇ ပြောင်းလဲသော ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့စ၍ နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်မှစ၍  ပြည်ထောင်စု လမ်းမကြီးရှိ တနင်္သာရီ တံတား ပေါ်မှ ဖြတ်သန်းသွားလာနေသော မြိတ်-တနင်္သာရီ ၊ မြိတ်-မောတောင်နှင့် မြိတ်-ဘုတ်ပြင်း-ကော့သောင်းသို့ ယာဉ်အမျိုးမျိုးဖြင့် သွားလာနေသည့် ခရီးသွားပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်စေရေး၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ခရီးသွား ရာဇဝင်နှင့် ဆက်သွယ်ရန် လိပ်စာများရယူခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ RDT-Test Kit ဖြင့် သတ်မှတ်ဈေး နှုန်းဖြင့် စစ်ဆေးပေးခြင်းများကို ပူးပေါင်းအဖွဲ့မှ နေ့စဉ် ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

ယင်းသို့ဆောင်ရွက်ပေးရာ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ အရာခံဗိုလ်သန်းစိုးထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဌာန မှကျန်းမာရေးကြီးကြပ်(၂)ဒေါ်မူမူအေးနှင့်ဦးရန်ပိုင်စိုး၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့၊ ပရဟိ တအဖွဲ့ကိုယ်စားလှယ်များနှင့် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။

ယနေ့ညနေ ၅နာရီအချိန်အထိ ကုန်တင်ယာဉ်(၈)စီး၊ ကိုယ်ပိုင်မော်တော်ယာဉ်(၁၉)စီး၊ ခရီး သည်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်(၁၃)စီးတို့မှ အမျိုးသားပေါင်း(၈၈)ဦး၊ အမျိုးသမီး(၂၄)ဦး ၊ စုစုပေါင်းခရီးသွားပြည်သူ(၁၁၂)ဦးတို့အားကျန်းမာရေးစစ်ဆေးပေးနိုင်ခဲ့ပြီး၊ တနင်္သာရီမြို့နယ် ဆင်

ခြေဖုန်းကျေးရွာအုပ်စု-လယ်တောင်ယာရွာကျေးမှအမျိုးသမီးတစ်ဦး၊ ချောင်းကြီးရပ်ကွက်နေ(၃)ဦး ပေါင်း(၄)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိရပြီး အခြားထူးခြားမှုမရှိကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း