မြောက်ဦးမြို့၌ ယာယီပျံကျဈေးများ၌ Mask တပ်ဆင်ရောင်းချမှု ရှိ/မရှိ  ရှောင်တစ်ခွင် ကွင်းဆင်းစစ်ဆေး

မြောက်ဦး  ဇူလိုင် ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသား/ငါးဈေးတန်းနှင့် ဟင်းသီး၊ဟင်းရွက်ယာယီပျံကျ ဈေးများ၌ လာရောက်ဈေးရောင်းချကြသူများနှင့် ဈေးဝယ်လာရောက်သူများကို ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ရောင်းချမှု ရှိ/မရှိရှောင်တခွင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက   မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်ဆောင်ရါက်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူဦးဆောင်ကာ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ခံနှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အသားငါးဈေးတန်းနှင့်ဟင်းသီး၊ ဟင်းရွက်ဈေးယာယီပျံ ကျဈေးများတွင် လာရောက်ဈေးရောင်းချသူများနှင့်ဈေးဝယ်လာရောက်သူများကို  ဈေးဆိုင်တစ် ဆိုင်နှင့်တစ်ဆိုင် အနည်းဆုံး ၆ ပေအကွာ ဈေးရောင်းချခြင်း ရှိ/မရှိ၊ ဈေးရောင်း၊ ဈေးဝယ်လာသူ များကိုလည်း စည်ပင်သာယာရေးအဖွဲ့ရုံးဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှချမှတ်ထားသော လမ်းညွှန် ချက်များနှင့်လိုက်နာမှုရှိ/မရှိလိုက်လှန်ကြည်ရှုခြင်းနှင့် ယာယီပျံကျ ဈေးများရှိ ဈေးဖွင့်လှစ်ရောင်ချသူများအနေဖြင့် Mask တပ်ဆင်ရောင်းချခြင်းရှိ/မရှိတို့အား ကွင်း ဆင်းစစ်ဆေးခဲ့ပြီး Mask တပ်ဆင်ရောင်းချခြင်းမရှိသည့်ဈေးရောင်းချသူများအား ပထမအကြိမ် အဖြစ် ဒဏ်ကြေးငွေ ငွေ(၅၀၀)ကျပ်ပေးဆောင်စေခြင်းများအား  စစ်ဆေးကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ခင်မောင်ထွန်း