လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

လမိုင်း ဇူလိုင် ၂၄

လမိုင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လမိုင်းမြို့ မီးသတ်စခန်း ဝန်ထမ်းများပူးပေါင်း၍ ယနေ့ နံနက် (၈) နာရီ အချိန်တွင် မြို့တွင်းအသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ Face Shield ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊ အပြင် ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို စနစ်တကျစွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့်အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကို ရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် ဆောင်ရွက် ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ အနည်းဆုံး(၆)ပေ အကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ လာရောက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြည်သူများသို့ အသိပေးနှိုးဆော်ကြောင်း သိရသည်။

လမိုင်း (ပြန်/ဆက်)