သာယာဝတီ ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်စား အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မှစတင်၍ ပေးအပ်လျက် ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ နှင့် ပဲ စသည့် အခြေခံစားသောက်ကုန်(၅)မျိုးကို ရပ်ကွက်ကျေးရွာအုပ်စု(၆၉)အုပ်စုမှ အိမ်ထောင်စုပေါင်း (၂၃၉၄၇)စုကို ထောက်ပံ့ပေးနိုင်ခဲ့သည်။
ယခုအခါ ဒုတိယအကြိမ်အဖြစ် ရပ်ကွက်ကျေးရွာအုပ်စု (၆၉) အုပ်စုမှ အခြေခံ လူတန်းစား အိမ်ထောင်စု (၂၃၉၄၇) စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်းဖြင့် မြိုနယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းနှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ကာ ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ် လျက်ရှိ ကြောင်းသိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)