စစ်ကိုင်းတိုင်းဒေသကြီး စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မုံရွာ ဇူလိုင် ၂၃

 စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၁-ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် ဒေါ်ရီရီသန်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ “ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမ ဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး စီမံအုပ်ချူပ ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည် ကြသည်။

ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျာယ် ချီးမြင့်တော်မူသာ ပရိတ် တရားတော်များကို နာယူကြည်ညိုပြီး ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး စီမံအုပ်ချူပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ရီရီသန်းက သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီးများအား ဝတ်ရုံအထည်များ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချူပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ် များက မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ အုတ်ကန်တောရစာသင်တိုက် ပဓာနနာယ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တန္ဒေါဘာသ ဆရာတော်ကြီးထံတော်မှ အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု “ သုံးကြိမ် ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတိုက်များမှ သံဃာ၊ သီလရှင်များအား ဆက်ကပ်လှူဒါန်းသကဲ့သို့ မုံရွာမြို့ပေါ်တွင်သာမက စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့ပေါ်ရှိ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း မည် ဖြစ်ပါကြောင်းနှင့် ယခုလှူဒါန်းဆက်ကပ်သည့် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်(၂၅၀)တိုက်၌ ဝါဆိုဝါကပ်တော်မူကြသော သံဃာ(၂၁၈၅)ပါးတို့အား ဝါဆို သင်္ကန်း(၂၁၈၅)စုံနှင့် သီလရှင်ကျောင်း (၄၁)ကျောင်းတို့မှ  သီလရှင်ဆရာကြီး (၉၈၀)ပါးတို့ အား သီလရှင်ဝတ်စုံ (၉၈၀)စုံနှင့် ယင်းမာပင်မြို့နယ် ရွှေတောင်ဦး တိပိဋကတ် ဓမ္မပါလ မဟာဝီဟာရ ကျောင်းတိုက်မှ ရဟန်း(၄၀) ပါး၊ တောင်တန်းသာသနာပြုဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့်  နာဂဒေသ များမှ သာသနာပြုရဟန်း (၁၃၃)ပါး၊ သီလရှင် (၉)ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်း ဖြစ်ရာ ဝါဆိုသင်္ကန်း (၂၃၅၈)စုံနှင့် သီလရှင် ဝတ်စုံ (၉၈၉)စုံ စုစုပေါင်းကာလ တန်ဘိုးငွေကျပ် (၃၅၂၁၉၀ဝဝိ/)ကျပ်အား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)