ကြည့်မြင်တိုင်မြို့နယ် စာစစ်ဌာန(၂)ခုမှ ၂၀၁၉ - ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်မှုရာခိုင်နှုန်း (၃၀.၈%)ဖြင့်​​ အောင်မြင်

ကြည့်မြင်တိုင်  ဩဂုတ် ၁၂

တက္ကသိုလ်ဝင်စာ​မေးပွဲ​ အောင်စာရင်းများကို ဩဂုတ်လ ရက်​နေ့ည ၁၂ နာရီ ၃၀ မိနစ်အချိန်က ပညာ​ရေးဝန်ကြီးဌာန အ​ခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်​ကြေညာ​ပေးခဲ့ပြီး ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေး ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဩဂုတ်လ ၁၀ ရက်​နေ့ နံနက်ပိုင်းမှစ၍ လူကိုယ်တိုင် သွား​ရောက်ကြည့်ရှုနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိ​ကြောင်း သိရှိရ သည်။

ကြည့်မြင်တိုင်မြို့နယ်တွင် စာစစ်ဌာန()ခုရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ​မေးပွဲဖြေဆိုသူ (၁၂၀၅)ဦး ရှိရာ အောင်မြင်သူ(၇၃၂)ဦးနှင့် အောင်မြင်မှုရာခိုင်နှုန်း (၃၀.%) ဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ်တွင် ဘာသာစုံ ဂုဏ်ထူးရှင် ()ဦး၊ ငါးဘာသာဂုဏ်ထူးရှင်()ဦး၊ လေးဘာသာဂုဏ်ထူး ရှင်()ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ()ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၁၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၄၀)ဦးတို့ ထွက်ရှိပြီး အ.လ.က() (ခွဲ)ကျောင်းမှ ရန်ကုန်တိုင်း အတွင်းတွင် ဝိဇ္ဇာဘာသာရပ်ဖြင့် ပထမဆုရရှိခဲ့​ကြောင်းကို မြို့နယ်ပညာ​ရေးမှူးရုံးမှ သိရှိရသည်

ခိုင်ဇာလင်း (ပြန်/ဆက်)