မြောက်ဥက္ကလာပ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ Nestle Myanmar ၊ We Love Yangon နှင့် We Love Northokkalapa အဖွဲ့တို့မှ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး ခက်ခဲသော မိသားစုများအား စားနပ်ရိက္ခာများ ဝေငှလှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ဆင်ရဲနွမ်းပါးသော အိမ်ထောင်စုများထံသို့ သွားရောက်လှူဒါန်းခဲ့သည်။
အဆိုပါ စားနပ်ရိက္ခာများ ဝေငှလှူဒါန်းခြင်းကို We Love Yangon နှင့် We Love Northokkalapa လူထု အခြေပြု ပရဟိတအဖွဲ့သားများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားဝတ်နေရေးခက်ခဲသော မိသားစု (၂၀၀) အား အိမ်ထောင်တစ်စုလျှင် နေကြာဆီ (၅၀)ကျပ်သား (၂)ဗူး၊ ခေါက်ဆွဲ ခြောက်ထုပ် (၅)ထုပ်၊ ရှူးရှဲ လက်ဖက်နှပ် (၁)ဗူး၊ ငါးသေတ္တာ (၃)ဗူး၊ ကွေကာအုပ် (၅)ထုပ်၊ မင်္ဂလာပါကော်ဖီ အထုပ်ကြီး(၁)ထုပ်နှင့် ဆား (၁) ထုပ်စီ ဝေငှလှူဒါန်းခဲ့သည်။
ထို့ပြင် Nestle Myanmar မှ Milo-3in1-28g အထုပ်ကြီး (၁)ထုပ်၊ Nescafe Blend & Brew အထုပ်ကြီး (၁)ထုပ်နှင့် Bear Brand Malt Milk-20g အထုပ်ကြီး (၁)ထုပ်တို့ကို ထုတ်ယူနိုင်သော ကူပွန်(၁)ရွက်စီကို မြို့နယ် အတွင်းရှိ စားဝတ်နေရေးခက်ခဲသော မိသားစုများအတွက် ကူပွန်များအား ပူးပေါင်း ပါဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)