ခန္တီး ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် Covid-19 ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ဝန်ထမ်းများနှင့် သာသနာ့ဝန်ထမ်းများအား ပထမအကြိမ် ကာကွယ်ဆေးထိုးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေး (SINOPHARM) ထိုးခြင်းလုပ်ငန်းကို အမှတ်(၁၄) တပ်မတော်ဆေးရုံ(ကုတင်-၂၅) မှ ဗိုလ်မှူးအောင်ပြည့်ဖြိုးက ဦးဆောင်၍ ထိုးနှံပေးခဲ့ပြီး စစ်ဗျူဟာအခြချ(ခန္တီး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် အဖွဲ့ဝင်များက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)