ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းတိုက်နယ်ဆေးရုံသို့ Oxygen Concentrator 5L စက် ပေးအပ်လှူဒါန်း

ကျောက်ကြီး ဇူလိုင် ၂၂ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသရှိ တိုက်နယ်ဆေးရုံသို့ Oxygen Concentrator 5L စက် အသစ်တစ်လုံးကို ယမန်နေ့ နံနက်(၉) နာရီအချိန်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ လှူဒါန်းမှုတွင် နတ်သံကွင်းဒေသရှိ အားသစ်မောင်မယ် လူမှုကူညီရေးအသင်း နှင့် ဒေသခံပြည်သူများမှ စုပေါင်း၍ ငွေကျပ်(၁၂)သိန်းခန့်ရှိသော Oxygen Concentrator 5L စက်(၁)လုံးကို နတ်သံကွင်း တိုက်နယ်ဆေးရုံတွင် ဆေးကု သမှု ခံယူနေသည့် အောက်ဆီဂျင် လိုအပ်နေသော ပြည်သူများအတွက် အောက်ဆီဂျင် ပြတ်လပ်မှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပေးအပ်လှူဒါန်းခဲ့ သည်။ အဆိုပါ အသင်းသည် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ ထားရှိသော အရံ ကုသရေးစင်တာများနှင့် Facility Quarantine များတွင် မြို့နယ်ကြက်ခြေနီ အဖွဲ့နှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။