မကွေးခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကွာရန်တင်းစင်တာများအား  ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

မကွေး    ဇူလိုင်   ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက် မြို့နယ်များ၏ ပြည်သူ့ဆေးရုံများနှင့် ကွာရန်တင်းစင်တာများအား ယမန်နေ့ နံနက်ပိုင်းက မကွေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ထူးက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ရှေးဦးစွာ တောင်တွင်း ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံ နှင့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိလူနာများ ထားရှိသော ပရပ်ကြယ်တိုက်နယ် ဆေးရုံသို့ သွားရောက် ကြည့်ရှုရာ  တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ လူနာများအား ရောဂါကုသပေးနေ မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ် များရှိ ကွာရန်တင်းစင်တာများနှင့် မြို့နယ်ပြည်သူ့ဆေးရုံများသို့ သွားရောက်ကြည့်ရှုခဲ့ရာ မြို့နယ် ပြည်သူ့ဆေးရုံ အသီးသီးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုအခြေအနေနှင့် ပိုးတွေ့ လူနာများအား ကုသပေးနေမှုများနှင့်  လိုအပ်နေသော အခက်အခဲများအား ရှင်းလင်း တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)