စစ်တွေ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက စစ်တွေတက္ကသိုလ် (အဟောင်း) Quarantine Center တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့်စည်ပင် သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများမှ Quarantine Center အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။ ထို့သို့ ဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးသည်။
စစ်တွေတက္ကသိုလ်(အဟောင်း) Quarantine Center တွင် (Stay at Home)သတ်မှတ်ထားသည့် မြို့နယ်များမှ စစ်တွေမြို့သို့လာရောက်သူ(၁၅၀)ထားရှိနိုင်ရန်စီစဉ်ထားပြီး ထို့အပြင် နေအိမ်တွင် နေထိုင်ရေး (Stay at Home) နေရာများမှ စစ်တွေမြို့သို့ ရောက်ရှိလာကြ သူများအား ထားရှိနိုင်ရန် Quarantine Center အဖြစ် ခိုင်သဇင်ပန်းခြံခန်းမ၊ လောကာနန္ဒာစေတီတော်အတွင်းမှ သာသနာ့ဗိမာန်တော်၊ ရေချမ်းပြင်ကျေးရွာ အနီးတွင်ရှိသည့် အားကစားနှင့်ကာယသိပ္ပံကျောင်းနှင့် ပြည်နယ်လွှတ်တော် အဆောက်အဦတို့ကို အရန်သင့်စီစဉ် ထားကြောင်းသိရသည်။
တင်ထွန်း