လက်ပံတန်း ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် ရှေ့တန်းမှ ဆောင်ရွက်နေကျသော ကျန်းမာရေးဝန်ထမ်းများအား WE Love Letpadan အဖွဲ့မှ ယမန်နေ့ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်း ပြည်သူ့ဆေးရုံမှ ကာယ၊ ဉာဏ ဝန်ထမ်းများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လမ်းညွှန်မှုဖြင့် We Love Letpadan အဖွဲ့မှ ပြည်သူလူထု ထည့်ဝင်ငွေများထဲမှ ပြည်သူ့ကိုယ်စား တစ်စုံတစ်ရာအထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်နူန်းဖြင့် ဝန်ထမ်း ၂၈ ဦးအတွက် စုစုပေါင်း တစ်ဆယ့် လေးသိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကျသော ပုဂ္ဂိုလ်များကိုလည်း ရန်ပုံငွေပေါ် မူတည် ပြီး ဆက်လက်ပံ့ပိုးပေးသွားပါမည်ဖြစ်ကြောင်း We Love Letpadan အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင့်နန္ဒာဌေး