ဇီးကုန်းမြို့နယ်တွင် အနံ့ပျောက်သူများအား RDT test ဖြင့် စစ်ဆေးရာ (၅၀) ဦးတွင် positive အဖြေထွက်ရှိ

ဇီးကုန်း ဇူလိုင် ၂၀
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ဇူလိုင် ၁၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅၀)ဦး တွေ့ရှိပြီး သုံးဦးသေဆုံးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
 
ယမန်နေ့က အဆိုပါလူနာများသည် အနံ့မရကြောင်း သတင်းပေးပို့သဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ RDT test ဖြင့် စစ်ဆေးခဲ့ရာ positive အဖြေထွက် ရှိခဲ့ပြီး တစ်ဦးမှာ အသက်ရှူကြပ်၍ ဆေးရုံသို့ ရောက်ရှိလာကာ အရေးပေါ် ကုသမှုခံယူနေစဉ် သေးဆုံးသွားကြောင်း သိရသည်။ ယမန်နေ့အထိ ပိုးတွေ့ လူနာ(၃၄၇)ဦး ရှိခဲ့ပြီး၊ အဆိုပါကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်ခန်းမ၊ အမှတ်(၁)ရပ်ကွက် အ လ က(ခွဲ)နှင့် အမှတ်(၄)ရပ်ကွက် အ ထ က(မြို့မ) တို့ရှိ ကုသရေးဌာနများတွင် ထားရှိ၍ ဆေးကုသမှု ပေးလျက်ရှိကြောင်းနှင့် ယမန်နေ့အချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ (၅၅)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
 
တင့်ဆွေ