ကိုဗစ်ပိုးတွေ့ရှိသူများအနက် ကျန်းမာရေးကောင်းမွန်သူ (၂၁)ဦး ဆေးရုံ ဆင်းခွင့်ရရှိ

မင်းလှ ဇူလိုင် ၂၀
 
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များကို ပြည်သူ့ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန်ထမ်းအိမ်ယာသစ်၊ အ.ထ.က မင်းလှ မြို့ပြင် ကျောင်း၊ စစ်ကွင်းတိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ(၂၁)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
 
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာများမှ ဆေးရုံဆင်းခွင့် ရရှိသူ စုစုပေါင်း(၂၁) ဦးတို့ကို တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ မိမိတို့၏ နေအိမ်အသီး သီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာ နေထိုင်ရန်နှင့် ကျန်းမားရေးအသိ ပညာပေး စကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။
 
မင်းလှမြို့နယ်တွင် ယနေ့ထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း(၁၀၉၁) ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ(၅၆၉) ဦးနှင့် သေဆုံးသူ(၁၃)ဦးရှိပြီး၊ သာယာဝတီဆေးရုံသို့ လွှဲပြောင်းဆေးကုသခံယူသူ(၄) ဦးနှင့် ကျန်ရှိသော (၅၀၅) ဦးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
 
ပေါက်စ မင်းလှ