မအူပင်မြို့နယ် တာကောက်ကျေးရွာ၌ ဝါယာကြိုး အပူလွန်ကဲမှုကြောင့် နေအိမ်(၃)လုံး မီးလောင်မှု ဖြစ်ပွား

မအူပင် ဇူလိုင် ၂၀
 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အိုင်ဝိုင်းကျေးရွာအုပ်စု တာကောက်ကျေးရွာရှိ ပိုင်ရှင် ဦးတင်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်မှာ အိုင်ဝိုင်းကျေးရွာအုပ်စု တာကောက်ကျေးရွာရှိ ပိုင်ရှင် ဦးတင်ဝင်း၏ နေအိမ်သို့ ဓာတ်တိုင်မှ သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲ၍ အိမ်အတွင်းရှိ မိန်းခုံမှ စတင်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ကြောင့် ပိုင်ရှင် ဦးတင်ဝင်း၏ (၁၀'×၁၃')ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း လူနေအိမ်(၁)လုံး၊ မီးကူးစက်ခံရသော ပိုင်ရှင် ဦးလှမျိုးအောင်၏ (၁၀'×၁၃')ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း လူနေအိမ်(၁)လုံး ပိုင်ရှင် ဦးလွှမ်းမိုးကျော်၏ (၁၀'×၁၃')သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း လူနေအိမ်(၁)လုံး စုစုပေါင်း လူနေအိမ် (၃)လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
 
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မျိုးဌေး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပြည်သူများ စုပေါင်း၍ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီအချိန် ခန့်တွင် မီးငြိမ်းခဲ့ ကြောင်း သိရသည်။
 
မီးလောင်မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် (၄၅၀၀၀ဝိ/-)ခန့်ရှိပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။