ဝေါမြို့နယ်တွင် ပိုးတွေ့လူနာသစ် (၁၁၀) ဦးရှိပြီး ပိုးတွေ့ရှိသူ (၆၃၇) ဦးနှင့် သေဆုံးသူ (၁၁) ဦးရှိ

ဝေါ ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီး ဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ မြို့ပေါ် Quarantine Center နှင့် မြစ်ကျိုးကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာ အုပ်စု၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ နောင်ပတ္တရာကျေးရွာအုပ်စု၊ သူဌေးကုန်း ကျေးရွာအုပ်စု၊ ဧကရာဇ်ကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ အုပ်စု၊ ပုဂံကျေးရွာအုပ်စု၊ နောင်ဂျမ်းကျေးရွာအုပ်စု၊ သူရဲသူမိန်ကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာအုပ်စု၊ ကမာကဘန်ကျေးရွာအုပ်စု၊ စက်စုကျေးရွာအုပ်စု၊ အဘာကျေးရွာအုပ်စု၊ တနော်ကျွန်း ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာအုပ်စုနှင့် ဘိုးဦးစိန်ကျေးရွာအုပ်စု တို့ အတွင်းရှိ Quarantine Center များမှ အနံ့ပျောက်သံသယရှိသူလူနာ (၄၈၃) ဦးအား Test Kit (RDT) ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာအသစ် (၁၁၀)ဦး ထပ်မံတွေ့ရှိပြီး ပိုးတွေ့သူ စုစုပေါင်း(၆၃၇)ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ (၁၄၀) ဦး၊ သေဆုံးသူ (၁၁) ဦး၊ ဆေးရုံတွင် ဆေးကုသခံ ယူသူ (၄၈၆) ဦးကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရ သည်။
ယနေ့တွင် သေဆုံသူ (၄) ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှု ကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း