ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း အစည်းအဝေးကျင်းပ ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများအား အလှူငွေနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ပုသိမ် ဇူလိုင် ၂၀
 
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
 
အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ လိုအပ်ချက်များ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေ့လယ် ၁၁ နာရီတွင် ပုသိမ်မြို့၊ ခုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီး အစည်း အဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေး နေသည့် စေတနာဝန်ထမ်းများအား အလှူငွေနှင့် စားသောက်ကုန်များ ကူညီထောက်ပံ့ခဲ့ ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမင်းတစ်ရာ ဘက်စုံ ပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်း(၄၅)ဦးနှင့် ကား(၆) စီးအတွက် စားသောက် စရိတ်၊ စက်သုံးဆီ ထောက်ပံ့လှူဒါန်းငွေကျပ်(၄၉၅၀၀၀ဝိ/-)၊ ကိုရဲသွေးနီနှင့် မိတ်ဆွေ များ ပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်း(၄)ဦးအား ကား(၂)စီး အတွက် စားသောက်စရိတ် ထောက်ပံ့လှူဒါန်းငွေ ကျပ်(၅၄၀၀၀ဝိ/-) တို့အား ပေးအပ်ချီးမြှင့်ခဲ့ရာ ပရဟိတအဖွဲ့ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။
 
ထို့နောက် အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ လမင်းတစ်ရာ ဘက်စုံ ပရဟိတအဖွဲ့ စေတနာ့ ဝန်ထမ်းများ၊ ကိုရဲသွေးနီနှင့် မိတ်ဆွေများ ပရဟိတ အဖွဲ့ စေတနာ့ဝန်ထမ်းများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ ရာ ပရဟိတအဖွဲ့ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။
 
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်မှုများရှိနေ သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ပံ့ပိုးကူညီပေးသည့် တစ်နေ့လျှင် (၄၀)လီတာအိုး အလုံး(၆၀) ထုတ် လုပ်နိုင်မည့် အောက်စီဂျင်စက် တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေနှင့် တစ်နေ့လျှင် (၄၀)လီတာအိုး အလုံး (၂၀) ထုတ်လုပ်ပေးနေပြီး လူနာခန်း အတွက် ပိုက်လိုင်းမှ အောက်စီဂျင်တိုက်ရိုက်ပေးနေသည့် စက်တစ်လုံး တပ်ဆင်ဆောင်ရွက်ပြီး၍ ကုသပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 
မြင့်ဟန်