ပြည် ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅ဝဝ) အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်−၁၉လူနာများအား ကျန်းမာရေး စောင့်ရှောက်ကုသမှုလုပ်ငန်း ဆောင်ရွက် နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် ဦးဆောင်၍ ပြည်မြို့နေ ဦးဖေသန့်-ဒေါ်ဝင်းဝင်းမာ၊ (သား)မောင်ညီဝင်းသန့်-မဝေဝေလှိုင်၊ (သမီး)မသဇင်ဝင်းသန့်၊ (သား) မောင်ကျော်ဝင်းသန့် -မဖြိုးစန္ဒာ၊ (မြေး)မရွှေရည်ဘုန်းနှင့် မမြတ်သဒ္ဒါထက် မိသားစုက ကြက်ဥအလုံး (၅ဝဝ) နှင့် ငွေကျပ်(၅)သိန်း လာရောက်လှူဒါန်းကြောင်း သိရသည်။ လှူဒါန်းရာသို့ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှတာဝန်ရှိသူများ လာရောက်ကျေးဇူး တင်စကား ပြောကြားပြီး အလှူရှင်ဦးဖေသန့်က ဆေးရုံအုပ်ကြီးရုံးခန်း၌ ကြက်ဥ (၅၀၀)နှင့် အလှူငွေကျပ် (၅)သိန်း ပေးအပ်လှူဒါန်းရာ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးက လက်ခံခဲ့ပြီး အလှူရှင်မိသားစုထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း ဆေးရုံကြီးတာဝန်ရှိသူများထံက သိရသည်။
ကိုဆက်