မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိ ကုသဆောင်ရွက်ရန် အဆောင်များအား ကြည်ရှုစစ်ဆေး

မကွေး ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက COVID-19 Positive လူနာများနှင့် Contact လူနာများ ထားရှိကုသနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် မကွေးမြို့ အခြေခံ ကျန်းမာရေးတက္ကသိုလ်သို့ ရောက်ရှိကာ ကိုဗစ်လူနာများအတွက် ခုတင်၊စောင်၊ ခေါင်းအုံးနှင့် အသုံး အဆောင်ပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ သောက်သုံးရေနှင့် မီးရရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကိုဗစ်-၁၉ လူနာများထားရှိသည့် အဆောင်ဝန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် တပ်မေတော်သား များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ ကျွေးမွေးဧည့်ခံနိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် လတ်တလောအသက်ရူလမ်းကြောင်းဆိုင်ရာ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ Quaran tine Center များအဖြစ် မကွေးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ တိုင်းဒေသကြီးဖူဆယ်အားကစားရုံ၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့တွင် ပိုးတွေ့သူများနှင့် သံသယလူနာ များ ထားရှိရန် ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး မကွေးမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက မကွေးမြို့ သီတဂူမျက်စိဆေးရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ နေ့စဉ် နံနက် ၁၀ နာရီမှစ၍ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး၊ အရေးကြီး လူနာများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီး တိုးချဲ့ (၅)ဆောင်တွင် စနစ်တကျ ကုသပေး လျက်ရှိကြောင်း နှင့် အရေးပေါ် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Call Center များ ဖွင့်လှစ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။ လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် ကူးစက် ပြန့်ပွားမှုများ ရှိနေပြီး ကိုဗစ်-၁၉ Third Wave မှာ စတင်တွေ့ရှိခဲ့တဲ့(၂၇-၅-၂၀၂၁)ရက်နေ့မှ ယနေ့ အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း(၅၃၀၅)ဦးရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၁၁၀)ဦးနှင့် သေဆုံးသူက(၇၇)ဦးရှိကာ၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၄၁၁၈)ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရသိရသည်။

မောင်ညီညာ(မကွေး)