ညောင်ဦး ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး တွင် တက်ရောက်ကုသနေ သော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ညောင်ဦးမြို့နယ်အတွင်း Liquid Oxygen လိုအပ်နေသော လူနာများအတွက် ညောင်ဦးမြို့၊ ပုဂံမြို့ခံ လူမှုအကျိုးပြုပရဟိတအသင်းများမှ ဦးဆောင်ကာ ယမန်နေ့ နံနက် ၄ နာရီခွဲအချိန်မှ စတင်၍ ညောင်ဦးမြို့မှ ထွက်ခွာပြီး ပြင်ဦးလွင်မြို့ရှိ Liquid Oxygen စက်ရုံသို့ အောက်ဆီဂျင်သွားရောက် ဖြည့်တင်းပြီး ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း မြို့ခံလူမှုအကျိုးပြု ပရဟိတအသင်းများထံက သိရသည်။
ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါသည်များနှင့် အခြားလိုအပ်သည့် လူနာများ အတွက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးကြီး အလုံး ၃၀ ကို အဆင်သင့် ထားရှိထားကြောင်း သိရသည်။ အဆိုပါ အောက်ဆီဂျင် Liquid Oxygen အိုးကြီးအလုံး ၃၀ ကို ညောင်ဦးမြို့ အာသောကပရဟိတအသင်း၊ ပုဂံမြို့သစ် သစ္စာဓမ္မ ပရဟိတအသင်း၊ မြင်းကပါကျေးရွာ သုခနှစ်ဖြာပရဟိတအသင်းများမှ ပူးပေါင်းပါဝင်ကာ ညောင်ဦးမြို့နယ်အတွက် အောက်ဆီဂျင် အခက်အခဲ မဖြစ်ပေါ်စေရေး ကြိုတင်စီမံ ဆောင်ရွက်ထားရှိလျက် ရှိကြောင်း မြင်းကပါ ကျေးရွာ သုခနှစ်ဖြာပရဟိတအသင်း ဦးဝင်းဇော်ဌေးထံက သိရသည်။
ကိုထိန်၊ KPD