တောင်ကုတ်မြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်အိုးများရောက်ရှိ

တောင်ကုတ် ဇူလိုင် ၂၀
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ပံ့ပိုးကူညီမှု မြိုမိမြို့ဖ ဦးကျောက်တောင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် အရေးပေါ် လိုအပ်လျက်ရှိသော အောက်စီအိုး များ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် တောင်ကုတ်မြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော အောက်ဆီဂျင် အိုး (၆၀)လုံးအား တောင်ကုတ်တပ်နယ်မှ တပ်တော်သားများက သယ်ပို့ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးနှင့် အဖွဲ့ဝင်များက လွှဲပြောင်းပေးအပ်ရာ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇင်ရောင်လင်းက လက်ခံခဲ့သည်။ တောင်ကုတ်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ ဆေးရုံ၌ ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း အရေးပေါ် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများအား ရှင်သန်ရေးပရဟိတအသင်း၊ နာရေးကူညီမှု အသင်းနှင့် နေလသစ္စာကုမ္ပဏီတို့က ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။