ပေါက်တောမြို့ မြို့မဈေးကြီးဝင်လမ်းနှင့်ဈေးပတ် လမ်း၌ ကိုဗစ်-၁၉ရောဂါ ပိုးသတ်ဆေးဖျန်း

ပေါက်တော ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့မဈေးကြီးအဝင်လမ်းများနှင့် ဈေးပတ် လမ်းတို့ကို ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ပိုးသတ်ဆေးများဖျန်းပေးခြင်းကို ယနေ့ညနေ(၅)နာရီက ပြုလုပ်ဆောင်ရွက် ကြသည်။

အဆိုပါ ဆေးဖျန်းခြင်းဆောင်ရွက်ချက်များ ကိုပေါက်တော မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးမျိုးမင်းထွန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရခိုင်ပြည်နယ် ကရုဏာရှင်ပရဟိတ အသင်းတို့ ပူးပေါင်း၍ ပြုလုပ် ဆောင်ရွက်ခြင်း ဖြစ်သည်။

ယင်းသို့ ပြုလုပ်ဆောင်ရွက်ခြင်းများကို ပေါက်တောမြို့နယ် မီးသတ်ဦးစီး ဌာနနှင့်ရခိုင်ပြည်နယ် ဂရုဏာရှင်ပရဟိတအသင်းတို့မှ ကိုဗစ်-၁၉ရောဂါ ကင်းစင်ပပျောက်သွားသည် အထိစဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကျော်သန်း