သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉)ဦးစစ်ဆေးတွေ့ရှိ

သံတွဲ ဇူလိုင် ၁၉
 
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၁၈ ရက်နေ့နံနက်တွင် မြို့နယ်အတွင်း Home Quarantine ထားရှိသူ (၁၈)ဦး ၊ Checkup (၂)ဦးနှင့် PUI (၇)ဦး စုစုပေါင်း (၂၇)ဦးတို့၏ Swab နမူနာများအား Covid-19 Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၉)ဦးတွင် Covid-19 ရောဂါ ပိုး တွေရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ် -၁၉ ရောဂါပိုးရှိသူများမှာ သံတွဲမြို့နယ် လင်းမူတောင် ကျေးရွာ မှ အသက်(၄၀)နှစ်ရှိ မ(၁)ဦး နှင့် အသက်(၄၃)နှစ်ရှိကျား(၁)ဦး၊ သစ်ငုတ်တို ကျေးရွာမှအသက်(၄၀)နှစ်ရှိကျား(၁)ဦး ၊ ဆင်ခေါင်းကျေးရွာမှ အသက်(၃၉)နှစ် ရှိ မ (၁)ဦး နှင့် အသက် (၅၃)နှစ်ရှိ ကျား(၁)ဦး ၊ အမှတ်(၆) ရပ်ကွက်မှ အသက် (၅၀)နှစ်ရှိ မ(၁)ဦး ၊ အမှတ်(၁) ရပ်ကွက်မှ အသက်(၄၇)နှစ် ရှိမ (၁)ဦး ၊ အသက်(၂၀) နှစ်ရှိကျား(၁)ဦး ၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာမှ အသက်(၃၅)နှစ်ရှိကျား (၁)ဦး စုစုပေါင်း (၉)ဦးဖြစ်ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း (၁၆၇)ဦးအနက် သေဆုံးသူ(၅)ဦး ရှိခဲ့ပြီးရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၈၁)ဦးရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၈၀)ဦးရှိရာသံတွဲခရိုင်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ လူနာကုသဆောင် တွင်(၂၃)ဦး ၊ ငပလီ ဆေးရုံတွင်(၅၇)ဦးထား ရှိကာ ကြပ်မတ်ကုသလျက်ရှိကြောင်း သိရသည်။